YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:1-3

ရှင်လုကာ 8:1-3 Judson Bible (JBMLE)

ထို​နောက်​မှ ကိုယ်​တော်​သည် မြို့​ရွာ​အ​စဉ်​အ​တိုင်း ဒေ​သ​စာ​ရီ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။- တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။ နတ်​ဆိုး​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော မိန်း​မ​အ​ချို့​သည်​လည်း လိုက်​ကြ၏။ ထို​မိန်း​မ​တို့​တွင် နတ်​ဆိုး​ခု​နစ်​ယောက် ထွက်​သော မာ​ဂ​ဒ​လ​ဟု​ခေါ်​ဝေါ်​သော မာ​ရိ၊- ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။

ရှင်လုကာ 8:1-3 Common Language Bible (BCL)

ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ကိုယ်​တော်​သည် မြို့​ရွာ​များ​ကို​ဖြတ်​ကြွ​လျက် ဘု​ရား​သ​ခင် နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​တော်​မူ​၏။- တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊- ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။

ရှင်လုကာ 8:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် မကြာမီ ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်​ကြ​၏။ သူ​တို့​အပြင်​အနာရောဂါ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ရ​ခဲ့​သော အမျိုးသမီး​အချို့​ဖြစ်​ကြ​သည့် နတ်ဆိုး​ခုနစ်​ကောင်​ထွက်သွား​ခဲ့​သော မာဂဒလ​မြို့သူ​ဟု​ခေါ်​သည့်​မာရိ၊ နယ်စား​ဟေရုဒ်​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ ခုဇ​၏​ဇနီး ယောဟန္န​မှစ၍ ရှုရှန္န​အပါအဝင် အခြား​အမျိုးသမီး​အမြောက်အမြား​ရှိ​ကြ​၏။ ဤ​အမျိုးသမီး​တို့​သည် မိမိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ဖြင့် ကိုယ်တော်​နှင့်​တပည့်​တော်​တို့​ကို လုပ်ကျွေး​ပြုစု​ကြ​၏။