YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:1-3

ရှင်လုကာ 5:1-3 Judson Bible (JBMLE)

တစ်​ရံ​ရော​အ​ခါ ဂင်္နေ​သ​ရက်​အိုင်​နား​မှာ ရပ်​တော်​မူ၍၊ လူ​များ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို နား​ထောင်​ခြင်း​ငှာ ကိုယ်​တော်​အ​နီး​သို့ တိုး​ဝင်​ကြ​စဉ်​တွင်၊ ကမ်း​နား​မှာ​ဆိုက်​သော လှေ​နှစ်​စင်း​ကို မြင်​တော်​မူ၏။- တံ​ငါ​တို့​သည် လှေ​ထဲ​က​ထွက်၍​ပိုက်​ကွန်​တို့​ကို ဆေး​လျှော်​လျက် နေ​ကြ၏။- ထို​လှေ​တို့​တွင် ရှိ​မုန်၏ လှေ​ထဲ​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ လှေ​ကို​ကမ်း​နား​မှာ အ​နည်း​ငယ်​ခွာ​ဖွင့်​စေ​ခြင်း​ငှာ ရှိ​မုန်​ကို အ​ခွင့်​တောင်း​တော်​မူ၏။ ထို​လှေ​ပေါ်​မှာ ထိုင်​လျက် လူ​များ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။

ရှင်လုကာ 5:1-3 Common Language Bible (BCL)

တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။- ထို​အ​ခါ​ကိုယ်​တော်​သည်​ကမ်း​နား​မှာ​ဆိုက်​ထား သော​လှေ​နှစ်​စင်း​ကို​မြင်​တော်​မူ​၏။ တံ​ငါ​သည် တို့​သည်​ထို​လှေ​များ​ပေါ်​မှ​ဆင်း​ပြီး​နောက် မိ​မိ တို့​၏​ပိုက်​ကွန်​များ​ကို​ဆေး​ကြော​လျက်​နေ ကြ​၏။- ကိုယ်​တော်​သည်​ထို​လှေ​နှစ်​စင်း​အ​နက်​ရှိ​မုန်​၏ လှေ​သို့​တက်​တော်​မူ​ပြီး​လျှင်​လှေ​ကို​ကမ်း​မှ အ​နည်း​ငယ်​ခွာ​စေ​ရန်​ရှိ​မုန်​အား​စေ​ခိုင်း​တော် မူ​၏။ ထို​နောက်​ထိုင်​၍​လူ​ပ​ရိ​သတ်​တို့​အား ဟော​ပြော​သွန်​သင်​တော်​မူ​၏။

ရှင်လုကာ 5:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နေ့သ၌ ယေရှု​သည် ဂင်နေသရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်မူ​စဉ် လူထု​ပရိသတ်​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြားနာ​ရန် ကိုယ်တော်​ထံသို့​တိုးဝှေ့​လာ​ကြ​၏။ ကိုယ်တော်​သည် ကမ်းနား​တွင်​ဆိုက်​ထား​သော​လှေ​နှစ်​စင်း​ကို မြင်​တော်မူ​၏။ တံငါသည်​တို့​သည် ထို​လှေ​များ​ပေါ်မှ​ဆင်း​၍ ပိုက်ကွန်​များ​ကို​ဆေးကြော​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လှေ​တို့​အနက် ရှိမုန်​၏​လှေ​ပေါ်သို့​တက်​၍ လှေ​ကို ကမ်း​မှ​အနည်းငယ်​ခွာ​ရန် သူ့​အား မိန့်​တော်မူ​၏။ ထို့နောက် ထိုင်​၍ လူထု​ပရိသတ်​တို့​အား လှေ​ပေါ်မှ သွန်သင်​တော်မူ​၏။