ရှင်လုကာ 4:14-44
ရှင်လုကာ 4:14-44 Judson Bible (JBMLE)
ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။- အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။- ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။ ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။- ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။- ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကိုဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်းစေလော့။ ငါတို့သည် သတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊- အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။- ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယလက်ထက်၌ သုံးနှစ်နှင့် ခြောက်လပတ်လုံး မိုးခေါင်၍၊ ပြည်နိုင်ငံတစ်လျှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုဆိုးမအများ ရှိကြ၏။- သို့သော်လည်း၊ ထိုမုဆိုးမတစ်ယောက်ရှိရာသို့မျှ ဧလိယကို စေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။- ပရောဖက်ဧလိရှဲ လက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူ အများရှိကြ၏။ သို့သော်လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတစ်ပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။- တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊- ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ ဇောက်ထိုးတွန်းချခြင်းငှာ ဆောင်သွားကြ၏။- ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။- အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။- ထိုတရားဇရပ်၌ ညစ်ညူးသောနတ်ဆိုး စွဲသောသူတစ်ယောက် ရှိ၍၊- ဪ နာဇရက်မြို့သားယေရှု ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။- ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။- လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။ တရားဇရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲသည်ဖြစ်၍ သူ့အတွက် ကိုယ်တော်ကို တောင်းလျှောက်ကြ၏။- ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးအသီးတို့ အပေါ်၌ လက်တော်ကို တင်သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။- နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြောစေခြင်းငှာ မြစ်တားတော်မူ၏။ မိုးလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော်မမူမည်အကြောင်း ဆီးတားကြ၏။- ကိုယ်တော်ကလည်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။- ထိုသို့အလို့ငှာ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားဇရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။

ရှင်လုကာ 4:14-44 Common Language Bible (BCL)
သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။- ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။ ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊- တရားဇရပ်မှူးသည်ပရောဖက်ဟေရှာယကျမ်း ကိုကိုယ်တော်အားလှမ်း၍ပေး၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်၍၊ ``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်မိမိလူစုတော်အား ကယ်တင်ရာကာလရောက်လာပြီ ဖြစ်ကြောင်းကိုလည်းကောင်း ကြေညာရန်ငါ့ကိုစေလွှတ်တော်မူ၏'' ဟူသောကျမ်းပိုဒ်ကိုဖတ်တော်မူ၏။ ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။- ကိုယ်တော်က ``ဤကျမ်းစာပါအမှုအရာများ သည်သင်တို့ကြားနာရသည့်အတိုင်းယနေ့ အကောင်အထည်ပေါ်ပြီ'' ဟုမိန့်တော်မူ၏။ လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။ ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။- အမှန်အကန်သင်တို့အားငါဆိုသည်ကား အဘယ်ပရောဖက်မျှမိမိနေရင်းမြို့တွင် မျက်နှာမရတတ်။- ဧလိယလက်ထက်၌ဣသရေလနိုင်ငံတွင် သုံး နှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ခဲ့၏။- ဣသရေလအမျိုးဖြစ်သောမုဆိုးမအများရှိ သော်လည်း မည်သူ့ထံသို့မျှဘုရားသခင်သည် ပရောဖက်ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုံ ပြည်၊ ဇရတ္တမြို့သူမုဆိုးမထံသို့သာလျှင်စေ လွှတ်တော်မူ၏။- ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။ တရားဇရပ်ရှိလူအပေါင်းတို့သည်ထိုစကား ကိုကြားသောအခါပြင်းစွာအမျက်ထွက်ကြ၏။- ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။- သို့ရာတွင်ကိုယ်တော်သည်လူပရိသတ်အလယ် မှလျှောက်၍ကြွသွားတော်မူ၏။ ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။- ကိုယ်တော်၏သွန်သင်ချက်တွင်တန်ခိုးအာဏာ ပါသဖြင့်လူတို့သည်အံ့သြကြ၏။- တရားဇရပ်ထဲတွင်ညစ်ညမ်းသောနတ်ပူးဝင် နေသူတစ်ယောက်ရှိ၏။- ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။ သခင်ယေရှုက ``တိတ်တိတ်နေလော့။ သူ့အထဲမှ ထွက်ခဲ့လော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာသည်ထို သူကိုလူအများရှေ့မှာလှဲချလိုက်၏။ ထိုနောက် ဘေးအန္တရာယ်မပြုဘဲသူ့အထဲမှထွက်သွား၏။ လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။- ကိုယ်တော်၏သတင်းတော်သည်ပတ်ဝန်းကျင် ဒေသတွင်ပျံ့နှံ့သွားတော့၏။ ကိုယ်တော်သည်တရားဇရပ်မှထွက်ခွာ၍ရှိမုန် ၏အိမ်သို့ဝင်တော်မူ၏။ ရှိမုန်၏ယောက္ခမဖြစ်သူ သည်ပြင်းစွာဖျားနေ၏။- သို့ဖြစ်၍တပည့်တော်တို့သည်ထိုအကြောင်း ကိုကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော် သည်ထိုအမျိုးသမီးကြီး၏အနားတွင်ရပ် လျက် ``အဖျားပျောက်စေ'' ဟုအမိန့်ပေးတော် မူ၏။ အမျိုးသမီးကြီးသည်အဖျားပျောက် သဖြင့် ချက်ချင်းထ၍ကိုယ်တော်နှင့်တပည့် တော်တို့အားဧည့်သည်ဝတ်ကိုပြုလေ၏။ နေဝင်ချိန်၌ရောဂါအမျိုးမျိုးစွဲကပ်သူ အပေါင်းတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ ကြ၏။ ကိုယ်တော်သည်ထိုလူနာအသီးသီး တို့အပေါ်မှာ လက်တော်ကိုတင်၍သူတို့၏ ရောဂါများကိုပျောက်ကင်းစေတော်မူ၏။- နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။ မိုးလင်းသောအခါကပေရနောင်မြို့မှထွက်ခွာ ၍ဆိတ်ငြိမ်ရာအရပ်သို့ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ကိုရှာကြ၏။ ရှာ၍တွေ့သောအခါမိမိ တို့ထံမှထွက်ခွာသွားတော်မမူစေရန်ကြိုးစား ကြ၏။- သို့ရာတွင်ကိုယ်တော်က ``ငါသည်အခြားမြို့ များတွင်လည်းဘုရားသခင်၏နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ ရမည်။ ထိုသို့ဟောပြောကြေညာရန်အတွက်ငါ့ ကိုဘုရားသခင်စေလွှတ်တော်မူသည်'' ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တရား ဇရပ်များတွင်ဟောတော်မူ၏။
ရှင်လုကာ 4:14-44 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းများတွင် သွန်သင်တော်မူရာ လူအပေါင်းတို့သည် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့တွင် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ကျမ်းစာကိုဖတ်ကြားရန် ထတော်မူလျှင် ပရောဖက်ဟေရှာယ၏ကျမ်းကို ကိုယ်တော်အားပေးကြ၏။ ထိုကျမ်းစာလိပ်ကိုဖွင့်၍ တွေ့တော်မူသောကျမ်းပိုဒ်၌ ရေးထားသည့်အချက်မှာ “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်ကို ဟောပြောစေရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူပြီ”ဟူ၍ ဖြစ်၏။ ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။ ထိုအခါ ကိုယ်တော်က“ဤကျမ်းချက်သည် ယနေ့၌ပင် သင်တို့ကြားရသည့်အတိုင်း ပြည့်စုံလေပြီ”ဟု မိန့်တော်မူ၏။ လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း“အသင်ဆေးဆရာ၊ သင့်ရောဂါကို သင်ပျောက်ကင်းစေလော့ဟူသောဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့တွင် သင်ပြုခဲ့သည်ဟု ငါတို့ကြားရသည့်အမှုများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်းပြုပါ’ဟု သင်တို့သည် ငါ့အား မုချပြောကြလိမ့်မည်”ဟု မိန့်တော်မူပြီးနောက် “သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိ၏နေရင်းမြို့၌ မျက်နှာမရတတ်။ ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍ တစ်ပြည်လုံးတွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်စဉ်က အစ္စရေးလူမျိုးထဲတွင် မုဆိုးမများစွာရှိခဲ့ကြ၏။ သို့သော် ထိုသူတို့ထဲက မည်သူ့ထံသို့မျှ ဧလိယကိုစေလွှတ်တော်မမူဘဲ ဆီဒုန်ပြည်၊ ဇရတ္တမြို့ရှိ မုဆိုးမတစ်ဦးထံသို့သာ စေလွှတ်တော်မူ၏။ ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည် များစွာရှိခဲ့ကြ၏။ သို့သော် ထိုသူတို့ထဲက မည်သူမျှ စင်ကြယ်ခြင်းသို့မရောက်ဘဲ ဆီးရီးယားပြည်သား နေမန်တစ်ဦးတည်းသာ စင်ကြယ်ခြင်းသို့ရောက်၏”ဟု မိန့်တော်မူ၏။ ဝတ်ပြုစည်းဝေးကျောင်းထဲ၌ရှိသောသူအားလုံးတို့သည် ထိုစကားကိုကြားသောအခါ ပြင်းစွာဒေါသထွက်သဖြင့် ထ၍ ကိုယ်တော်ကို မြို့ပြင်သို့နှင်ထုတ်ပြီးလျှင် ကိုယ်တော်ကို တောင်ကမ်းပါးမှတွန်းချရန် ထိုမြို့တည်ရာတောင်၏ထိပ်စွန်းအထိ ခေါ်ဆောင်သွားကြ၏။ သို့ရာတွင် ကိုယ်တော်သည် သူတို့အလယ်မှဖြတ်လျှောက်၍ ကြွသွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့သို့ဆင်းသွား၍ ဥပုသ်နေ့၌ လူတို့ကိုသွန်သင်တော်မူ၏။ ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။ ထိုဝတ်ပြုစည်းဝေးကျောင်းတွင် နတ်ဆိုးတည်းဟူသောညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ကျယ်လောင်သောအသံဖြင့် “အို နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန်ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါသည်”ဟု အော်ဟစ်လေ၏။ ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှ ထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့အထဲမှ ထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာပြီးလျှင် ရှိမုန်၏အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနာလျက် ဝေဒနာခံစားနေရသဖြင့် လူတို့သည် သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။ ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။ နေဝင်ချိန်ရောက်သောအခါ လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်သို့ လက်တော်ကိုတင်၍ သူတို့ကိုကျန်းမာစေတော်မူ၏။ နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့အထဲမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူ။ မိုးလင်းသောအခါ ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားတော်မူ၏။ သို့ရာတွင် လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုးစားရှာဖွေကြပြီးလျှင် အထံတော်သို့လာ၍ မိမိတို့ထံမှ ထွက်ခွာမသွားရန် ကိုယ်တော်ကိုတားဆီးကြ၏။ သို့သော် ကိုယ်တော်က“ငါသည် အခြားသောမြို့ရွာတို့၌လည်း ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောရမည်။ အကြောင်းမူကား ငါသည် ဤအတွက်စေလွှတ်ခြင်းခံရ၏”ဟု မိန့်တော်မူပြီးလျှင် ယုဒနယ်ရှိ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက်နေတော်မူ၏။