YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:14-16

ရှင်လုကာ 4:14-16 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် တန်​ခိုး​နှင့်​ပြည့်​ဝ​လျက်​ဂါ​လိ​လဲ​ပြည်​သို့​ပြန် လာ​တော်​မူ​၏။ သ​တင်း​တော်​သည်​ထို​ဒေ​သ တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့​သွား​၏။- ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​များ​မှာ​ဟော​ပြော သွန်​သင်​တော်​မူ​ရာ​လူ​အ​ပေါင်း​တို့​သည်​ကိုယ် တော်​ကို​ချီး​မွမ်း​ကြ​၏။ ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊

ရှင်လုကာ 4:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဝိညာဉ်​တော်​တန်ခိုး​နှင့်​ပြည့်ဝ​လျက် ဂါလိလဲ​နယ်​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​နှင့်​ပတ်သက်​သော​သတင်း​သည် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် သွန်သင်​တော်မူ​ရာ လူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင်