YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 3:15-17

ရှင်လုကာ 3:15-17 Judson Bible (JBMLE)

လူ​များ​တို့​သည် မျှော်​လင့်၍၊ ယော​ဟန်​သည် ခ​ရစ်​တော်​မှန်​သည် မ​မှန်​သည်​ကို နှ​လုံး​ထဲ​မှာ တွေး​တော​ဆင်​ခြင်​ကြ​စဉ်၊- ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။- လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။

ရှင်လုကာ 3:15-17 Common Language Bible (BCL)

လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။- သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။- မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​ရှင်း​လင်း​ပစ်​ရန် လက်​တော်​တွင်​ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​သည် ဖြစ်​၍ ဂျုံ​စ​ပါး​များ​ကို​ကျီ​တွင်​စု​သိမ်း​၍​အ​ဖျင်း များ​ကို​မူ ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး​တွင်​ကျွမ်း လောင်​စေ​တော်​မူ​လတ္တံ့'' ဟု​သူ​တို့​အား​ဆို​၏။

ရှင်လုကာ 3:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူ​တို့​သည် စောင့်မျှော်​လျက်​နေ​ကြ​သဖြင့် လူ​တိုင်း ယောဟန်​နှင့်​ပတ်သက်​၍ “သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်လော”​ဟု မိမိ​တို့​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​နေ​ကြ​၏။ ယောဟန်​က​လည်း “ငါ​သည် သင်​တို့​အား ရေ​၌​ဗတ္တိဇံ​ကို​ပေး​၏။ သို့သော် ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။ မိမိ​၏​ကောက်နယ်​တလင်း​ကို​လည်း အကုန်အစင်​ရှင်းလင်း​ပြီး ဂျုံ​ဆန်​ကို မိမိ​၏​ကျီ​၌​စုသိမ်း​ရန် လက်​တော်​၌ ဆန်ကော​ကို​ကိုင်​ထား​တော်မူ​၏။ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်မူ​လိမ့်မည်”​ဟု လူ​အပေါင်း​တို့​အား​ပြန်ပြော​လေ​၏။