YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 3:1-21

ရှင်လုကာ 3:1-21 Judson Bible (JBMLE)

ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊- အ​န္န​နှင့် က​ယာ​ဖ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ၊ အ​သီး​အ​သီး ရှိ​ကြ​သော​အ​ခါ၊ တော၌​ရှိ​သော ဇာ​ခ​ရိ၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ခံ​ရ၏။- ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌​လာ​သည်​ကား၊ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။- လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ​ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော​လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။- လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မြင်​ရ​ကြ​လ​တ္တံ့​ဟု လာ​သည်​နှင့်​အ​ညီ၊ ယော​ဟန်​သည် ယော်​ဒန်​မြစ်​နား၌ အ​နှံ့​အ​ပြား​လှည့်​လည်၍ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လေ၏။ ထို​အ​ခါ၊ ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သော လူ​အ​စု​အ​ဝေး​တို့​အား ယော​ဟန်​ဟော​ပြော​သည်​ကား၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။- နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။- သစ်​ပင်​အ​မြစ်​နား​မှာ ပု​ဆိန်​ထား​လျက်​ရှိ​သည် ဖြစ်၍၊ ကောင်း​သော​အ​သီး မ​သီး​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​ရ​သည်​ဟု ဟော​ပြော​လေ၏။- လူ​အ​စု​အ​ဝေး​က​လည်း၊ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ယော​ဟန်​က၊ အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် အင်္ကျီ​မ​ရှိ​သော​သူ​အား မျှ​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ​ဟု ပြန်​ပြော၏။- အ​ခွန်​ခံ​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လာ၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- သင်​တို့​သ​ခင်​သည် ခွဲ​ဝေ​စီ​မံ​သည်​ထက်​သာ၍ မ​ခွဲ​မ​ခံ​ကြ​နှင့်​ဟု ပြန်​ပြော၏။- စစ်​သူ​ရဲ​တို့​က​လည်း အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​ကို​မျှ အ​နိုင်​အ​ထက် မ​ပြု​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ မ​လျှပ်​ကြ​နှင့်။ ကိုယ်​ရ​သော​အ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့​ဟု ပြန်​ပြော၏။ လူ​များ​တို့​သည် မျှော်​လင့်၍၊ ယော​ဟန်​သည် ခ​ရစ်​တော်​မှန်​သည် မ​မှန်​သည်​ကို နှ​လုံး​ထဲ​မှာ တွေး​တော​ဆင်​ခြင်​ကြ​စဉ်၊- ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။- လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။- အ​ခြား​သော​စ​ကား​များ​နှင့် ဆုံး​မ​သွေး​ဆောင်၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော​လေ၏။ ထို​နောက် စော်​ဘွား​ဟေ​ရုဒ်​သည် မိ​မိ​ညီ၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​မှ​စ၍၊ မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ယော​ဟန်​သည် ဖော်​ပြ​ဆုံး​မ​သော​ကြောင့်၊- ဟေ​ရုဒ်​သည် အ​ရင်​အ​ပြစ်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ အ​ပြစ်​သစ်​ကို​ထပ်​လောင်း၍ ယော​ဟန်​ကို ထောင်​ထဲ​မှာ လှောင်​ထား၏။ လူ​အ​ပေါင်း​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သော​အ​ခါ၊ ယေ​ရှု​သည်​လည်း ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ၍ ဆု​တောင်း​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊

ရှင်လုကာ 3:1-21 Common Language Bible (BCL)

ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။- အန္န​နှင့်​က​ယာ​ဖ​တို့​သည်​ကား​ယဇ်​ပု​ရော​ဟိတ် မင်း​များ​ဖြစ်​ကြ​၏။ ထို​အ​ခါ​တော​ကန္တာ​ရ​၌​ရှိ သော​ဇာ​ခ​ရိ​၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​၏။- သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။- ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊ `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။ ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို ဖြို​ရ​ကြ​မည်။ လမ်း​ကောက်​များ​ကို​ဖြောင့်​စေ​၍​လမ်း​ကြမ်း​များ​ကို ချော​မော​ပြေ​ပြစ်​စေ​ရ​မည်။ လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟု တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။ ယော​ဟန်​က​မိ​မိ​၏​ထံ​မှ​ဗတ္တိ​ဇံ​ခံ​ယူ​ရန်​လာ​ကြ ကုန်​သော​လူ​အ​ပေါင်း​တို့​အား ``အ​ချင်း​မြွေ​ဆိုး အ​မျိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​အ​မျက်​တော်​၏ ဘေး​မှ​ရှောင်​ပြေး​ရန်​သင်​တို့​အား​အ​ဘယ်​သူ သတိ​ပေး​ဘိ​သ​နည်း။- နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။- သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​၏။ ထို​အ​ခါ​ယော​ဟန်​က ``အင်္ကျီ​နှစ်​ထည်​ရှိ​သူ​သည် အင်္ကျီ​မ​ရှိ​သူ​အား​တစ်​ထည်​ဝေ​မျှ​စေ။ စား​သောက် စ​ရာ​ရှိ​သူ​သည်​လည်း​ထို​နည်း​တူ​ဝေ​မျှ​စေ'' ဟု ပြန်​ပြော​၏။ အ​ခွန်​ခံ​သူ​တို့​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ရန်​ရောက်​လာ ကြ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ယော​ဟန်​က ``သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ​ရှိ သည်​ထက်​ပို​၍ အ​ခွန်​အ​ကောက်​မ​ခွဲ​မ​ခံ​ကြ နှင့်'' ဟု​ပြန်​ပြော​၏။ စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။ လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။- သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။- မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​ရှင်း​လင်း​ပစ်​ရန် လက်​တော်​တွင်​ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​သည် ဖြစ်​၍ ဂျုံ​စ​ပါး​များ​ကို​ကျီ​တွင်​စု​သိမ်း​၍​အ​ဖျင်း များ​ကို​မူ ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး​တွင်​ကျွမ်း လောင်​စေ​တော်​မူ​လတ္တံ့'' ဟု​သူ​တို့​အား​ဆို​၏။ ယော​ဟန်​သည်​အ​ခြား​နှိုး​ဆော်​ချက်​များ​ဖြင့် လူ​တို့​အား​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ ညာ​၏။- သို့​ရာ​တွင်​ဟေ​ရုဒ်​ဘု​ရင်​သည်​မိ​မိ​ညီ​ဖြစ်​သူ​၏ ဇ​နီး​ဟေ​ရော​ဒိ​ကို​သိမ်း​ပိုက်​ခြင်း​နှင့်​ပတ်​သက်​၍ လည်း​ကောင်း၊ မိ​မိ​ကူး​လွန်​ခဲ့​သော​အ​ပြစ်​အ​ပေါင်း နှင့်​ပတ်​သက်​၍​လည်း​ကောင်း​ယော​ဟန်​က​သူ့​အား ဆုံး​မ​ခဲ့​၏။- ထို​နောက်​ယော​ဟန်​ကို​ထောင်​ထဲ​တွင်​ချုပ်​နှောင်​ထား စေ​ခြင်း​ဖြင့် ဟေ​ရုဒ်​သည်​ကူး​လွန်​ပြီး​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​တို့​ထက်​ဆိုး​ရွား​သော​အ​ပြစ် ကို​ကူး​လွန်​လေ​သည်။ လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊

ရှင်လုကာ 3:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊ အန္နတ်​နှင့်​ကယာဖ​တို့​သည် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​စဉ် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် တော​ကန္တာရ​၌ ဇာခရိ​၏​သား​ယောဟန်​ထံသို့​ရောက်လာ​၏။ ထိုအခါ ယောဟန်​သည် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​သို့​သွား​၍ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို​ဟောပြော​လေ​၏။ ဤသည်ကား “တော​ကန္တာရ​၌​ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့။ ချိုင့်ဝှမ်း​လျှိုမြောင်​ရှိသမျှ​တို့​ကို​ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်တန်း​စေ​၍ ကြမ်းတမ်း​သော​လမ်း​များ​ကို ချောမွေ့​စေ​ရ​မည်။ ထိုအခါ လူသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်”​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​ကျမ်း​တွင်​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ယောဟန်​သည် သူ့​ထံ၌ ဗတ္တိဇံ​ခံ​ရန်​ရောက်လာ​ကြ​သော လူထု​ပရိသတ်​တို့​အား “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် သင်​တို့​ကို​မည်သူ​သတိပေး​ခဲ့​သနည်း။ သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်​ဟူ၍ သင်​တို့​စိတ်​ထဲ၌​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ​ပေါ်ထွန်း​စေ​နိုင်​သည်။ ပုဆိန်​ကို​လည်း သစ်ပင်​တို့​၏​အမြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​လေ​၏။ လူထု​ပရိသတ်​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေမျှ​ပေး​စေ။ စားစရာ​ရှိ​သော​သူ​သည်​လည်း ထိုနည်းတူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။ အခွန်​ကောက်ခံ​သူ​တို့​သည်​လည်း ဗတ္တိဇံ​ခံ​ရန်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သင်​တို့​ကို​ညွှန်ကြား​ထား​သည်​ထက် ပို၍​မ​ကောက်ခံ​ကြ​နှင့်”​ဟု ပြန်ပြော​လေ​၏။ စစ်မှုထမ်း​များ​သည်​လည်း “အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သူတစ်ပါး​ထံမှ ငွေ​ညှစ်ယူ​ခြင်း၊ မတရား​တောင်းခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိမိ​တို့​ရ​သော​လခ​နှင့် ရောင့်ရဲ​ကြ​လော့”​ဟု ပြန်ပြော​လေ​၏။ လူ​တို့​သည် စောင့်မျှော်​လျက်​နေ​ကြ​သဖြင့် လူ​တိုင်း ယောဟန်​နှင့်​ပတ်သက်​၍ “သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်လော”​ဟု မိမိ​တို့​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​နေ​ကြ​၏။ ယောဟန်​က​လည်း “ငါ​သည် သင်​တို့​အား ရေ​၌​ဗတ္တိဇံ​ကို​ပေး​၏။ သို့သော် ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။ မိမိ​၏​ကောက်နယ်​တလင်း​ကို​လည်း အကုန်အစင်​ရှင်းလင်း​ပြီး ဂျုံ​ဆန်​ကို မိမိ​၏​ကျီ​၌​စုသိမ်း​ရန် လက်​တော်​၌ ဆန်ကော​ကို​ကိုင်​ထား​တော်မူ​၏။ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်မူ​လိမ့်မည်”​ဟု လူ​အပေါင်း​တို့​အား​ပြန်ပြော​လေ​၏။ ထိုသို့ ယောဟန်​သည် အခြား​သော​အကြောင်းအရာ​အမျိုးမျိုး​တို့​ဖြင့် တိုက်တွန်း​နှိုးဆော်​ကာ လူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။ သို့ရာတွင် နယ်စား​ဟေရုဒ်​သည် မိမိ​အစ်ကို​၏​ဇနီး ဟေရောဒိ​နှင့်​ပတ်သက်၍​လည်းကောင်း၊ မိမိ​ကျူးလွန်​ခဲ့​သော မကောင်းမှု​အလုံးစုံ​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ယောဟန်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ ယောဟန်​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​၏​။ ဤသို့ဖြင့် သူ​၏​မကောင်း​မှု​အလုံးစုံ​တို့​အပေါ် မကောင်းမှု​ကို ထပ်ဆင့်​ပြု​လေ​၏။ လူ​အပေါင်း​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သောအခါ ယေရှု​သည်​လည်း ဗတ္တိဇံ​ခံ​တော်မူ​ပြီး ဆုတောင်း​လျက်​နေ​စဉ် ကောင်းကင်​သည်​ပွင့်​၍