YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:50-56

ရှင်လုကာ 23:50-56 Judson Bible (JBMLE)

ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊- ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော သူ​တော်​ကောင်း​သူ​တော်​မြတ်​ဖြစ်​သည်​နှင့် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊- ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- အ​လောင်း​တော်​ကို ချ၍ ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော ကျောက်​သင်္ချိုင်း​တွင်း၌ ထား​လေ၏။- ထို​နေ့​ကား အ​ဖိတ်​နေ့​ဖြစ်၍ ဥ​ပုသ်​နေ့​အ​ချိန် နီး​သ​တည်း။- ဂါ​လိ​လဲ​ပြည်​က ကိုယ်​တော်​နှင့်​အ​တူ​လာ​သော မိန်း​မ​များ​သည် သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း အ​ကြည့်​အ​ရှု လိုက်​လာ​ကြ၏။- ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။

ရှင်လုကာ 23:50-56 Common Language Bible (BCL)

ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။- သူ​သည်​ပိ​လတ်​မင်း​၏​ထံ​သို့​သွား​၍​သ​ခင်​ယေ​ရှု ၏​အ​လောင်း​တော်​ကို​တောင်း​၏။- အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​ပြီး လျှင်​ပိတ်​ဖြင့်​ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို ထွင်း​ထား​သည့်​တစ်​ခါ​မျှ​အ​သုံး​မ​ပြု​ရ​သေး သော​သင်္ချိုင်း​ဂူ​သစ်​တွင်​သင်္ဂြိုဟ်​၏။- ထို​နေ့​ကား​သော​ကြာ​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​သို့ ကူး​ရန်​အ​ချိန်​နီး​ပေ​ပြီ။- ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​နှင့်​လိုက်​ခဲ့​ကြ​သော အ​မျိုး​သ​မီး​များ​လည်း​လိုက်​ပို့​၍​သင်္ချိုင်း​တော် ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို​အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။- ထို​နောက်​သူ​တို့​သည်​အိမ်​သို့​ပြန်​၍​ဆီ​မွှေး နှင့်​နံ့​သာ​ပေါင်း​ကို​အ​သင့်​ပြင်​ဆင်​ကြ​၏။ သူ​တို့​သည်​ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​၌​အ​နား​ယူ​ကြ​၏။

ရှင်လုကာ 23:50-56 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။ သူ​သည် လွှတ်တော်​၏​ဆုံးဖြတ်​ချက်​နှင့် လုပ်ဆောင်​ချက်​တို့​ကို သဘော​မ​တူ​ခဲ့​ပေ။ ယောသပ်​သည် ယုဒ​ပြည်၊ အရိမသဲ​မြို့သား​ဖြစ်​ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​၏။ သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ မည်သူ့​ကို​မျှ​မ​သင်္ဂြိုဟ်​ရ​သေး​သော ကျောက်​သင်္ချိုင်း​ဂူ​ထဲတွင် သွင်းထား​၏။ ထို​နေ့​ကား ပြင်ဆင်​ရာ​နေ့​ဖြစ်​၍ ဥပုသ်နေ့​သို့​ကူး​ရန် နီးကပ်​လာ​ပြီ​ဖြစ်​၏။ ဂါလိလဲ​နယ်​မှ ကိုယ်တော်​နှင့်အတူ​ပါ​လာ​သော အမျိုးသမီး​များ​သည်​လည်း နောက်မှ​လိုက်လာ​ကြ​၍ သင်္ချိုင်း​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​အလောင်း​တော်​ကို မည်သို့​ထား​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​ကြ​၏။ ထို့နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီမွှေး​နှင့်​အမွှေးနံ့သာ​တို့​ကို ပြင်ဆင်​ကြ​၏။ ဥပုသ်နေ့​၌​ကား ပညတ်​တော်​အတိုင်း အနားယူ​ကြ​၏။