YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:44-56

ရှင်လုကာ 23:44-56 Judson Bible (JBMLE)

ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။- နေ​အ​ရောင် ကွယ်​ပျောက်​လေ၏။ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် နှစ်​ဖြာ​ကွဲ​လေ၏။- ယေ​ရှု​သည်​လည်း ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ​ပြီး​လျှင်၊ အို အ​ဘ၊ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အ​ကျွန်ုပ်​အပ်​ပါ၏​ဟု မိန့်​တော်​မူ​လျက် အ​သက်​ချုပ်​တော်​မူ၏။- ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။- ထို​အ​မှု​ကို အ​ကြည့်​အ​ရှု​လာ​သော​သူ အ​ပေါင်း​တို့​သည် ထို​အ​ခြင်း​အ​ရာ​များ​ကို​မြင်​လျှင်၊ ရင်​ပတ်​ကို​ခတ်၍ ပြန်​သွား​ကြ၏။- ဂါ​လိ​လဲ​ပြည်​မှ နောက်​တော်​သို့​လိုက်​လာ​သော မိန်း​မ​တို့​နှင့် ကိုယ်​တော်​ကို သိ​ကျွမ်း​သော​သူ အ​ပေါင်း​တို့​သည်​လည်း အ​ဝေး​က​ကြည့်​ရှု၍ ရပ်​နေ​ကြ၏။- ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊- ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော သူ​တော်​ကောင်း​သူ​တော်​မြတ်​ဖြစ်​သည်​နှင့် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊- ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- အ​လောင်း​တော်​ကို ချ၍ ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော ကျောက်​သင်္ချိုင်း​တွင်း၌ ထား​လေ၏။- ထို​နေ့​ကား အ​ဖိတ်​နေ့​ဖြစ်၍ ဥ​ပုသ်​နေ့​အ​ချိန် နီး​သ​တည်း။- ဂါ​လိ​လဲ​ပြည်​က ကိုယ်​တော်​နှင့်​အ​တူ​လာ​သော မိန်း​မ​များ​သည် သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း အ​ကြည့်​အ​ရှု လိုက်​လာ​ကြ၏။- ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။

ရှင်လုကာ 23:44-56 Common Language Bible (BCL)

အ​ချိန်​ကား​မွန်း​တည့်​ချိန်​လောက်​ဖြစ်​၏။ ထို အ​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​အ​ထိ မြေ​တစ် ပြင်​လုံး​တွင်​နေ​ရောင်​အ​လင်း​ကွယ်​၍​မှောင် အ​တိ​ကျ​လေ​၏။- ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​လည်း​နှစ်​ခြမ်း ကွဲ​လေ​၏။- သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။ ဤ​အ​ဖြစ်​အ​ပျက်​ကို​တပ်​မှူး​သည်​တွေ့​မြင် လျှင် ``ဤ​သူ​ကား​အ​ကယ်​ပင်​သူ​တော်​ကောင်း ဖြစ်​၏'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လေ​၏။ ဤ​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန်​လာ​ကြ​ကုန်​သော လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ဖြစ်​အ​ပျက်​များ​ကို မြင်​သ​ဖြင့် မိ​မိ​တို့​ရင်​ကို​တီး​ခတ်​လျက်​ပြန် ကြ​၏။- ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​၏​နောက်​သို့​လိုက် လာ​ကြ​သော​အ​မျိုး​သ​မီး​များ​အ​ပါ​အ​ဝင် ကိုယ်​တော်​ကို​သိ​ကျွမ်း​သူ​အ​ပေါင်း​တို့​သည် အ​ဝေး​မှာ​ရပ်​လျက်​ကြည့်​ရှု​နေ​ကြ​၏။ ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။- သူ​သည်​ပိ​လတ်​မင်း​၏​ထံ​သို့​သွား​၍​သ​ခင်​ယေ​ရှု ၏​အ​လောင်း​တော်​ကို​တောင်း​၏။- အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​ပြီး လျှင်​ပိတ်​ဖြင့်​ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို ထွင်း​ထား​သည့်​တစ်​ခါ​မျှ​အ​သုံး​မ​ပြု​ရ​သေး သော​သင်္ချိုင်း​ဂူ​သစ်​တွင်​သင်္ဂြိုဟ်​၏။- ထို​နေ့​ကား​သော​ကြာ​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​သို့ ကူး​ရန်​အ​ချိန်​နီး​ပေ​ပြီ။- ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​နှင့်​လိုက်​ခဲ့​ကြ​သော အ​မျိုး​သ​မီး​များ​လည်း​လိုက်​ပို့​၍​သင်္ချိုင်း​တော် ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို​အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။- ထို​နောက်​သူ​တို့​သည်​အိမ်​သို့​ပြန်​၍​ဆီ​မွှေး နှင့်​နံ့​သာ​ပေါင်း​ကို​အ​သင့်​ပြင်​ဆင်​ကြ​၏။ သူ​တို့​သည်​ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​၌​အ​နား​ယူ​ကြ​၏။

ရှင်လုကာ 23:44-56 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ထိုမှ​မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။ နေ​၏​အလင်း​ကွယ်ပျောက်​သွား​ပြီး ဗိမာန်​တော်​ကန့်လန့်ကာ​သည် အလယ်​မှ​ကွဲ​သွား​လေ​၏။ ထိုအခါ ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လျက်“အို အဖ၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့ အပ်နှံ​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​ပြီးနောက် အသက်​ချုပ်ငြိမ်း​တော်မူ​၏။ ဤ​အဖြစ်အပျက်​များ​ကို တွေ့မြင်​သော​တပ်မှူး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “ဤ​သူ​သည် အမှန်ပင်​ဖြောင့်မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။ ထို​အမှုအရာ​ကို​ကြည့်ရှု​ရန် စုဝေး​လာ​ကြ​သော​လူထု​ပရိသတ်​အပေါင်း​တို့​သည်​လည်း ဤ​အဖြစ်အပျက်​များ​ကို​မြင်​၍ ရင်ဘတ်စည်တီး​လျက်​ပြန်​သွား​ကြ​၏။ ကိုယ်တော်​ကို​သိကျွမ်း​သော​သူ​အပေါင်း​တို့​မှစ၍ ဂါလိလဲ​နယ်​မှ ကိုယ်တော်​၏​နောက်​သို့​လိုက်​လာ​ကြ​သော အမျိုးသမီး​တို့​သည် အဝေး​မှ​ရပ်​လျက် ဤ​အခြင်းအရာ​များ​ကို​ကြည့်​နေ​ကြ​၏။ ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။ သူ​သည် လွှတ်တော်​၏​ဆုံးဖြတ်​ချက်​နှင့် လုပ်ဆောင်​ချက်​တို့​ကို သဘော​မ​တူ​ခဲ့​ပေ။ ယောသပ်​သည် ယုဒ​ပြည်၊ အရိမသဲ​မြို့သား​ဖြစ်​ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​၏။ သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ မည်သူ့​ကို​မျှ​မ​သင်္ဂြိုဟ်​ရ​သေး​သော ကျောက်​သင်္ချိုင်း​ဂူ​ထဲတွင် သွင်းထား​၏။ ထို​နေ့​ကား ပြင်ဆင်​ရာ​နေ့​ဖြစ်​၍ ဥပုသ်နေ့​သို့​ကူး​ရန် နီးကပ်​လာ​ပြီ​ဖြစ်​၏။ ဂါလိလဲ​နယ်​မှ ကိုယ်တော်​နှင့်အတူ​ပါ​လာ​သော အမျိုးသမီး​များ​သည်​လည်း နောက်မှ​လိုက်လာ​ကြ​၍ သင်္ချိုင်း​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​အလောင်း​တော်​ကို မည်သို့​ထား​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​ကြ​၏။ ထို့နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီမွှေး​နှင့်​အမွှေးနံ့သာ​တို့​ကို ပြင်ဆင်​ကြ​၏။ ဥပုသ်နေ့​၌​ကား ပညတ်​တော်​အတိုင်း အနားယူ​ကြ​၏။