YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:39-43

ရှင်လုကာ 23:39-43 Judson Bible (JBMLE)

ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 23:39-43 Common Language Bible (BCL)

လက်​ဝါး​ကပ်​တိုင်​မှာ​ရိုက်​ဆွဲ​ထား​သော​ရာ​ဇ ဝတ်​သင့်​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​က ``သင် သည်​မေ​ရှိ​ယ​ပင်​မ​ဟုတ်​ပါ​လော။ သင့်​ကိုယ်​ကို လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း​ကယ်​တင် ပါ​လော့'' ဟု​ကိုယ်​တော်​အား​ကဲ့​ရဲ့​ပြော​ဆို​၏။ အ​ခြား​ရာ​ဇ​ဝတ်​သင့်​သူ​က​ထို​သူ့​အား ``သင် သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ပါ​သ​လော။ ငါ တို့​သည်​ဤ​သူ​ကဲ့​သို့​ပင်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊- ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။- ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။- ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ပင်​သင်​သည်​ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ​တွင်​ရှိ​မည်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 23:39-43 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။ သို့သော် အခြား​တစ်​ဦး​သည် သူ့​ကို​ဆုံးမ​၍ “သင်​သည် သူ​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လျက်​ပင် ဘုရားသခင်​ကို​မ​ကြောက်​သလော။ ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။ ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင့်​အား ငါ​အမှန်​ဆို​မည်။ သင်​သည် ယနေ့​ပင် ငါ​နှင့်အတူ​ပရဒိသု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။