ရှင်လုကာ 2:7-9
ရှင်လုကာ 2:7-9 Judson Bible (JBMLE)
သားဦးကိုဖွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။ ထိုပြည်မှာ သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍၊- ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော် ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
ရှင်လုကာ 2:7-9 Common Language Bible (BCL)
ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။ ထိုအရပ်ဒေသတွင်သိုးထိန်းအချို့ရှိ၏။ သူ တို့သည်ညအခါကွင်းပြင်များတွင်သိုးများ ကိုစောင့်လျက်နေကြ၏။- ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။
ရှင်လုကာ 2:7-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သားဦးကိုဖွားမြင်လေ၏။ ဧည့်ရိပ်သာတွင် သူတို့အတွက်နေရာမရှိသောကြောင့် သူငယ်ကိုအနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌သိပ်ထားလေ၏။ ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၍ သူတို့သည်ကွင်းပြင်၌နေလျက် မိမိတို့၏သိုးအုပ်ကို ညအခါစောင့်နေကြ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။