YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:33-35

ရှင်လုကာ 2:33-35 Common Language Bible (BCL)

မိ​ဘ​တို့​သည်​သူ​ငယ်​တော်​နှင့်​ပတ်​သက်​၍ ရှု​မောင်​ပြော​ဆို​သော​စ​ကား​များ​ကို​ကြား သော​အ​ခါ​အံ့​သြ​ကြ​၏။- ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊- မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။

ရှင်လုကာ 2:33-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူငယ်​၏​မိခင်​နှင့်​ဖခင်​တို့​သည် သူငယ်​နှင့်​ပတ်သက်၍ ဤသို့​ပြောဆို​သည်​ကို အံ့သြ​ကြ​၏။ ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။