YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:18-25

ရှင်လုကာ 18:18-25 Judson Bible (JBMLE)

အ​ရာ​ရှိ​တစ်​ယောက်​က၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ ငါ့​ကို ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။- သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​သည်​ကို ယေ​ရှု​သည်​ကြား​လျှင် သင်​သည် တစ်​ခု​လို​သေး၏။- ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။ ထို​သို့ စိတ်​မ​သာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။- ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 18:18-25 Common Language Bible (BCL)

ယု​ဒ​အ​မျိုး​သား​အ​ရာ​ရှိ​တစ်​ယောက် က ``ကောင်း​မြတ်​တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​ငှာ​အ​ကျွန်ုပ်​သည်​အ​ဘယ် အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော် အား​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ခေါ်​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။- သင်​သည်​ပ​ညတ်​တော်​တို့​ကို​သိ​သည်​မ​ဟုတ် လော။ `သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။ လူ့​အ​သက် ကို​မ​သတ်​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။ မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​က ``ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ်​သည် ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​လျှောက် ၏။ ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။- ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။ ထို​အ​ခြင်း​အ​ရာ​ကို​သ​ခင်​ယေ​ရှု​မြင်​တော်​မူ လျှင် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​နိုင်​ငံ​တော်​သို့ ဝင်​ရန်​ခက်​လှ​၏။- အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန်​လွယ် ကောင်း​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ် ကူ'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 18:18-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ခါ​က အကြီးအကဲ​တစ်​ဦး​သည် ကိုယ်တော်​အား “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။ ယေရှု​က“ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို​သူ​က​လည်း “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။ ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။ ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှို​ဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု မိန့်​တော်မူ​၏။