YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:1-8

ရှင်လုကာ 18:1-8 Judson Bible (JBMLE)

လူ​တို့​သည် အား​မ​လျော့​ဘဲ​ကြိုး​စား၍ ဆု​တောင်း​ရ​မည်​အ​ကြောင်း​ကို ဥ​ပ​မာ​စ​ကား​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊- မြို့​တစ်​မြို့၌ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော တ​ရား​သူ​ကြီး​တစ်​ယောက်​ရှိ၏။- ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် တ​ရား​သူ​ကြီး​ထံ​သို့​သွား၍၊ ကျွန်​မ​ရန်​ဘက်​ကို လက်​စား​ချေ​လောက်​အောင် အ​ပြစ်​အ​လျောက်​ဒဏ် စီ​ရင်​ပါ​ဟု တောင်း​ပန်​သော်​လည်း၊- တ​ရား​မ​စီ​ရင်​ဘဲ ကြာ​မြင့်​စွာ​နေ၏။ ထို​နောက် တ​ရား​သူ​ကြီး​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော​သူ ဖြစ်​သော်​လည်း၊- ဤ​မု​ဆိုး​မ​သည် ငါ့​ကို​နှောင့်​ယှက်​သော​ကြောင့် သူ့​ဘက်၌ တ​ရား​စီ​ရင်​မည်။ သို့​မ​ဟုတ် အ​စဉ်​လာ၍ ငါ့​ကို ပင်​ပန်း​စေ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ၏။- မ​တ​ရား​သော ထို​တ​ရား​သူ​ကြီး၏ အ​ကြံ​ကို မှတ်​ကြ​လော့။- ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည် ည​နေ့​မ​ပြတ် အော်​ဟစ်၍ တောင်း​လျှောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ဘက်၌ တ​ရား​မ​စီ​ရင်​ဘဲ နေ​တော်​မူ​မည်​လော။ ကြာ​မြင့်​စွာ သည်း​ခံ​တော်​မူ​မည်​လော။- ငါ​ဆို​သည်​ကား၊ သူ​တို့​ဘက်၌ အ​လျင်​အ​မြန် တ​ရား​စီ​ရင်​တော်​မူ​မည်။ သို့​သော်​လည်း လူ​သား​သည် ကြွ​လာ​သော​အ​ခါ ယုံ​ကြည်​ခြင်း​ကို မြေ​ကြီး​ပေါ်​မှာ တွေ့​မည်​လော​ဟု သ​ခင်​ဘု​ရား​သည် မိန့်​တော်​မူ၏။

ရှင်လုကာ 18:1-8 Common Language Bible (BCL)

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ အား​အ​ဘယ်​အ​ခါ​မျှ​စိတ်​အား​မ​လျော့​ဘဲ အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ပတ္ထနာ​ပြု​သင့်​ကြောင်း ပုံ​ဥ​ပ​မာ​ဆောင်​၍​သွန်​သင်​တော်​မူ​၏။- ကိုယ်​တော်​က ``မြို့​ကြီး​တစ်​မြို့​မှာ​တ​ရား​သူ ကြီး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​သ​ခင်​ကို မ​ကြောက်။ လူ​မျက်​နှာ​ကို​မ​ထောက်​သူ​ဖြစ်​၏။- ထို​မြို့​မှာ​ပင်​မု​ဆိုး​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် တ​ရား​သူ​ကြီး​၏​ထံ​သို့​အ​ကြိမ်​ကြိမ်​လာ ၍ `ကျွန်​မ​၏​တ​ရား​တွေ့​ဘက်​အ​ပေါ်​တွင် အ​နိုင်​ရ​အောင်​စီ​ရင်​တော်​မူ​ပါ' ဟု​လျှောက် ထား​၏။- တ​ရား​သူ​ကြီး​သည်​အ​တန်​ကြာ​မျှ​မု​ဆိုး​မ ၏​လျှောက်​ထား​ချက်​ကို​ငြင်း​ဆန်​နေ​ခဲ့​၏။ ထို နောက် `ငါ​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ့​မျက်​နှာ​ကို​မ​ထောက်​တတ်။- သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။'' ``ဤ​မ​သ​မာ​သော​တ​ရား​သူ​ကြီး​ပြော​ပုံ​ကို ကြည့်​လော့။- ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သည်​နေ့​ည​မ​ပြတ် ဟစ်​အော်​တောင်း​လျှောက်​နေ​ကြ​လျှင် ဘု​ရား​သ​ခင် သည်​တ​ရား​သ​ဖြင့်​ဖြစ်​စေ​ရန်​စီ​ရင်​တော်​မ​မူ ဘဲ​နေ​မည်​လော။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား ကူညီ​မစ​ရန်​နှောင့်​နှေး​တော်​မူ​မည်​လော။- သင်​တို့​အား​ငါ​ဆို​သည်​ကား​ကိုယ်​တော်​သည် ဆော​လျင်​စွာ ထို​သူ​တို့​အ​တွက်​တ​ရား​သ​ဖြင့် ဖြစ်​စေ​ရန်​စီ​ရင်​တော်​မူ​ပေ​အံ့။ သို့​ရာ​တွင် လူ​သား​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ ဤ လော​က​တွင်​ယုံ​ကြည်​ခြင်း​ကို​တွေ့​ရ​ပါ မည်​လော'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 18:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “မြို့​တစ်​မြို့​၌ ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​သော တရားသူကြီး​တစ်​ဦး​ရှိ​၏။ ထို​မြို့​၌​ရှိ​သော မုဆိုးမ​တစ်​ဦး​သည် သူ့​ထံသို့ အကြိမ်ကြိမ်​လာ​ပြီး ‘ကျွန်မ​ဘက်​၌​နေ​၍ ကျွန်မ​ကို​တရားစွဲဆို​သူ​အား တရားသဖြင့်​စီရင်​ပေး​ပါ’​ဟု လျှောက်​လေ​၏။ သူ​သည် အတန်​ကြာ​မျှ စီရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်လည်း နောက်ဆုံး​တွင် မိမိ​စိတ်​ထဲ၌ ‘ငါ​သည် ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​တတ်။ သို့သော် ဤ​မုဆိုးမ​သည် ငါ့​ကို​အနှောင့်အယှက်​ပေး​လှ​သည်​ဖြစ်၍ သူ့​အတွက် တရားသဖြင့်​စီရင်​ပေး​မည်။ သို့မဟုတ်​လျှင် သူ​သည် အဖန်ဖန်​လာ​၍ နောက်ဆုံး​၌ ငါ့​ကို ပင်ပန်း​နွမ်းနယ်​စေ​လိမ့်မည်’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ထို့နောက် သခင်​ဘုရား​က“ထို​မတရား​သော​တရားသူကြီး​ပြောဆို​သည့်​အရာ​ကို ကြား​ကြ​သလော။ ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် သူ​တို့​အတွက် တရားသဖြင့် လျင်မြန်​စွာ​စီရင်​ပေး​တော်မူ​လိမ့်မည်။ သို့သော် လူ့သား​ကြွလာ​သောအခါ မြေကြီး​ပေါ်၌ ယုံကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော”​ဟု မိန့်​တော်မူ​၏။