YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:11-31

ရှင်လုကာ 15:11-31 Judson Bible (JBMLE)

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။- သား​အ​ငယ်​သည် အ​ဘ​ထံ​သို့ သွား၍၊ အ​ဘ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော အ​မွေ​ဥ​စ္စာ​ကို​ဝေ၍ ပေး​ပါ​ဟု တောင်း​ပန်​လျှင်၊ အ​ဘ​သည် ဥ​စ္စာ​များ​ကို​ဝေ၍ သား​တို့​အား ပေး​လေ၏။- ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊- ရှိ​သ​မျှ​ကုန်​သော​အ​ခါ၊ ထို​ပြည်၌ ကြီး​စွာ​သော အ​စာ​ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ သူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်၏။- ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊- သူ​သည် ဝက်​စား​တတ်​သော ပဲ​တောင့်​ကို​ပင် စား​ချင်​မ​တတ် ငတ်​မွတ်​လျက်​နေ​ရ၏။ အ​ဘယ်​သူ​မျှ အ​စာ​ကို​မ​ကျွေး။- ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။- ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။- ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊- ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။- သား​က​လည်း၊ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။ ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို မ​ခံ​ထိုက်​ပါ​ဟု​ဆို​လျှင်၊- အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။- ခြေ​နင်း​ကို​လည်း စီး​စေ​ကြ။ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို ယူ၍​သတ်​ကြ။ သို့​ပြီး​မှ ငါ​တို့​သည် စား​ကြ​ကုန်​အံ့။ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​ကုန်​အံ့။- ငါ့​သား​သည် အ​ထက်​က​သေ၏။ ယ​ခု ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​ပြန်​တွေ့၏​ဟု အ​စေ​အ​ပါ​တို့​ကို ဆို​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​သည် ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။ သား​အ​ကြီး​သည် တောင်​ယာ​က​လာ၍ အိမ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ က​ခြင်း၊ တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​လျှင်၊- ငယ်​သား​တစ်​ယောက်​ကို​ခေါ်၍ အ​ဘယ်​သို့​သော အ​ခြင်း​အ​ရာ​နည်း​ဟု မေး၏။- ငယ်​သား​က၊ သ​ခင်၏​ညီ​သည် ရောက်​လာ​ပါ​ပြီ။ ဘေး​နှင့်​ကင်း​လွတ်​လျက်​ရှိ​သည်​ကို အ​ဘ​တွေ့​သော​ကြောင့်၊ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို​သတ်​ပါ​ပြီ​ဟု ပြော​ဆို၏။ သား​အ​ကြီး​သည် အ​မျက်​ထွက်၍ အိမ်​သို့ မ​ဝင်​ဘဲ​နေ၏။- အ​ဘ​သည် သူ့​ဆီ​သို့​သွား၍ ချော့​မော့​ရ၏။- သား​အ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ကာ​လ​တာ​ရှည်​စွာ အ​ဘ၏​အ​စေ​ကို ခံ​ပါ​ပြီ။ အ​ဘ၏​အ​လို​ကို တစ်​ခါ​မျှ မ​လွန်​ကျူး​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​သည် အ​ဆွေ​တို့​နှင့်​အ​တူ​ပျော်​မွေ့​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ၊ အ​ဘ​သည် ဆိတ်​က​လေး​တစ်​ကောင်​ကို တစ်​ခါ​မျှ မ​ပေး။- ပြည့်​တန်​ဆာ​မိန်း​မ​တို့​နှင့် ပေါင်း​ဖော်၍ မိ​မိ​ဥ​စ္စာ​ကို​ဖြုန်း​သော ဤ​သား​ငယ် ရောက်​လာ​သော​အ​ခါ​မူ​ကား၊ အ​ဘ​သည် ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို သတ်​လေ​ပြီ​တ​ကား​ဟု ဆို၏။- အ​ဘ​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​ထံ​မှာ အ​စဉ်​နေ၏။ ငါ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် သင်၏​ဥ​စ္စာ​ဖြစ်၏။

ရှင်လုကာ 15:11-31 Common Language Bible (BCL)

ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။- သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။- ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။- ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။- သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။- သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။- ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။- ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။- အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။- ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။ ``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။- သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။- ဖ​ခင်​က `အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို​အ​မြန် ယူ​ခဲ့​၍​သူ့​အား​ဝတ်​ပေး​ကြ။ သူ​၏​လက်​၌​လက် စွပ်​ကို​ဆင်​ပေး​ကြ။ ဖိ​နပ်​ကို​စီး​ပေး​ကြ။- ဆူ​ဖြိုး​အောင်​ကျွေး​ထား​သည့်​နွား​က​လေး​ကို သတ်​ကြ။ ငါ​တို့​ပျော်​ရွှင်​စွာ​စား​ကြ​ကုန်​အံ့။- ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။ ``သို့​ရာ​တွင်​ထို​အ​ချိန်​၌​သား​ကြီး​ဖြစ်​သူ​သည် လယ်​တော​တွင်​ရောက်​ရှိ​နေ​၏။ သူ​ပြန်​လာ​၍​အိမ် အ​နီး​သို့​ရောက်​သော​အ​ခါ​တီး​မှုတ်​သံ​နှင့်​က ခုန်​သံ​ကို​ကြား​ရ​၏။- ထို​အ​ခါ​လုပ်​သား​တစ်​ယောက်​ကို​ခေါ်​၍ `ဤ အ​ခြင်း​အ​ရာ​က​အ​ဘယ်​နည်း' ဟု​မေး​၏။- လုပ်​သား​က `အ​ရှင်​၏​ညီ​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​ရောက်​လာ​သ​ဖြင့် အ​ရှင့်​ဖ​ခင်​သည်​ဆူ​ဖြိုး အောင်​ကျွေး​ထား​သော​နွား​က​လေး​တစ်​ကောင် ကို​သတ်​ပါ​၏' ဟု​ဆို​၏။- သား​ကြီး​သည်​စိတ်​ဆိုး​လျက်​အိမ်​ထဲ​သို့​မ​ဝင် ဘဲ​နေ​၏။ ဖ​ခင်​သည်​အ​ပြင်​သို့​ထွက်​လာ​၍ သား​ကြီး​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖျောင်း​ဖျ​၏။- သား​ကြီး​က `ကျွန်​တော်​သည်​နှစ်​ပေါင်း​များ​စွာ အ​ဖ​၏​အ​စေ​ကို​ခံ​ခဲ့​ပါ​၏။ အ​ဖ​၏​အ​မိန့်​ကို အ​ဘယ်​အ​ခါ​က​မျှ​မ​လွန်​ဆန်​ခဲ့​ဘူး​ပါ။ သို့ ရာ​တွင်​သူ​ငယ်​ချင်း​များ​နှင့်​အ​တူ​ကျွန်​တော် ပျော်​ပွဲ​စား​ရန် အ​ဖ​သည်​အ​ဘယ်​အ​ခါ​က​မျှ ဆိတ်​က​လေး​တစ်​ကောင်​ကို​မျှ​မ​ပေး​ခဲ့​ပါ။- အ​ဖ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြည့်​တန်​ဆာ​များ နှင့်​ပျော်​ပါး​ဖြုန်း​တီး​ပစ်​သည့်​သား​ပြန်​လာ သော​အ​ခါ​၌​မူ သူ့​အ​တွက်​ဆူ​ဖြိုး​အောင် ကျွေး​ထား​သော​နွား​က​လေး​ကို​သတ်​ပါ သည်​တ​ကား' ဟု​ဆို​၏။- အ​ဖ​ဖြစ်​သူ​က `ငါ့​သား၊ သင်​သည်​ငါ​နှင့်​အ​တူ အ​မြဲ​နေ​၏။ ငါ့​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​သင်​ပိုင်​၏။

ရှင်လုကာ 15:11-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ကိုယ်တော်​က“လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။ သားငယ်​သည် ဖခင်​အား ‘အဖေ၊ အကျွန်ုပ်​ရ​ထိုက်​သော​အမွေ​ပစ္စည်း​ကို ခွဲဝေ​ပေး​ပါ’​ဟု ဆို​သဖြင့် ဖခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲဝေ​ပေး​လေ​၏။ ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။ မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။ သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။ ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။ ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ။ အကျွန်ုပ်​ကို အဖေ​၏​အလုပ်သမား​တစ်​ဦး​အဖြစ်​ထား​ပါ”​ဟူ၍ ငါ​ပြော​မည်​’ဟု ဆို​ပြီးလျှင် ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။ သား​က​လည်း ‘အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ’​ဟု ဆို​၏။ သို့သော် ဖခင်​သည် မိမိ​အစေအပါး​တို့​အား ‘အကောင်းဆုံး​သော​ဝတ်လုံ​ကို အမြန်​ယူခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိနပ်​ကို​စီး​စေ​ကြ​လော့။ ဆူဖြိုး​သော​နွားသငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်ရွှင်​စွာ​စား​ကြ​စို့။ အကြောင်းမူကား ငါ​၏​ဤ​သား​သည် သေဆုံး​ခဲ့​သော်လည်း ပြန်​ရှင်လာ​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ပျော်ပွဲရွှင်ပွဲ​ကို​အစပြု​ကြ​လေ​၏။ လယ်​၌​ရှိ​သော သား​ကြီး​သည် ပြန်လာ​၍ အိမ်​အနီး​သို့​ရောက်လာ​သောအခါ တီးမှုတ်​သံ​နှင့်​ကခုန်​သံ​တို့​ကို​ကြား​ရ​သဖြင့် အစေခံ​တစ်​ဦး​ကို​ခေါ်​၍ ‘မည်သည့်​အခြင်းအရာ​များ​ဖြစ်ပျက်​နေ​သနည်း’​ဟု မေးမြန်း​လေ​၏။ အစေခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်လာ​ပြီ။ သူ့​ကို​ကျန်းမာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အတွက် သင်​၏​ဖခင်​သည် ဆူဖြိုး​သော​နွားသငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြောဆို​၏။ ထိုအခါ သား​ကြီး​သည် အမျက်ထွက်​၍ အထဲသို့​မ​ဝင်​လို​သောကြောင့် သူ​၏​ဖခင်​သည် အပြင်​သို့​ထွက်လာ​၍ သူ့​ကို​ဖျောင်းဖျ​လေ​၏။ သို့ရာတွင် သူ​သည် ဖခင်​အား ‘အကျွန်ုပ်​သည် နှစ်​ပေါင်း​များစွာ အဖေ့​ကို​အစေခံ​၍ အဖေ​၏​အမိန့်​ကို တစ်ခါမျှ​မ​လွန်ဆန်​ခဲ့​ပါ။ သို့သော် အကျွန်ုပ်​သည် အကျွန်ုပ်​၏​မိတ်ဆွေ​များ​နှင့်အတူ​ပျော်ရွှင်​ရန် အဖေ​သည် အကျွန်ုပ်​အား​ဆိတ်​တစ်​ကောင်​ကို​မျှ​မ​ပေး​ဖူး​ပါ။ သို့ရာတွင် အဖေ​၏​ဥစ္စာ​ပစ္စည်း​များ​ကို ပြည့်တန်ဆာ​များ​နှင့်​ဖြုန်းတီး​ခဲ့​သည့် အဖေ​၏​ဤ​သား​ပြန်လာ​သောအခါ​၌​မူ သူ့​အတွက် ဆူဖြိုး​သော​နွားသငယ်​ကို သတ်​ပေး​သည်​တကား’​ဟု ဆို​၏။ ဖခင်​က​လည်း ‘ငါ့​သား၊ သင်​သည် ငါ​နှင့်အတူ​အမြဲ​ရှိ​နေ​၏။ ငါ​၏​ဥစ္စာ​ရှိသမျှ​သည် သင်​၏​ဥစ္စာ​ဖြစ်​၏။