YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 12:13-59

ရှင်လုကာ 12:13-59 Judson Bible (JBMLE)

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အစ်​ကို​သည် အ​မွေ​ဥ​စ္စာ​ကို အ​ကျွန်ုပ်​အား ဝေ​ပေး​ပါ​မည်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။- ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သူ​ဌေး​တစ်​ဦး၌ မြေ​ကောင်း၍ အ​သီး​အ​နှံ​များ​လှ၏။- ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။- ပြု​မည်​အ​ကြံ​မူ​ကား၊ ငါ့​တိုက်​များ​ကို​ဖျက်၍ ကျယ်​သော​တိုက်​တို့​ကို တည်​ပြီး​မှ၊ ငါ၏​အ​သီး​အ​နှံ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို သို​ထား​မည်။- ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။- ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။- ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့ စား​ရ​မည်​ဟူ၍ အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟူ၍ ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ငါ​ဆို၏။- အ​စာ​ထက် အ​သက်​မြတ်​သည်​မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည်​မ​ဟုတ်​လော။- ကျီး​ကန်း​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ စ​ပါး​ကျီ​မ​ရှိ၊ ဘ​ဏ္ဍာ​တိုက်​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။- အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။- ထို​သို့ အ​ငယ်​ဆုံး​သော​အ​မှု​ကို​မျှ မ​တတ်​နိုင်​လျှင် ကြွင်း​သော​အ​မှု​ကို အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။- နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။ သို့​သော်​လည်း ဘုန်း​ကြီး​သော​ရှော​လ​မုန်​မင်း​ကြီး အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏​အ​ဝတ်​ကို မ​မီ​ဟု ငါ​ဆို၏။- ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ ယ​နေ့​အ​သက်​ရှင်​လျက်၊ နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။- ထို​အ​ရာ​များ​ကို လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။ ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို သင်​တို့​အ​ဘ သိ​တော်​မူ၏။- သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။ သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။- သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့​စိတ်​နှ​လုံး ရောက်​တတ်၏။ သင်​တို့​သည် ခါး​ပန်း​စည်း​လျက်၊ ဆီ​မီး​ထွန်း​လျက်​နေ​သ​ဖြင့်၊- သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ ပြန်​လာ၍ တံ​ခါး​ကို​ခေါက်​သော​အ​ခါ ချက်​ချင်း​ဖွင့်​ခြင်း​ငှာ သ​ခင်​လာ​မည်​ကို​မျှော်​လ​င့်၍​နေ​သော ကျွန်​ကဲ့​သို့ ရှိ​နေ​ကြ​လော့။- အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။- နှစ်​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သုံး​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သ​ခင်​သည်​လာ၍ ထို​သို့​တွေ့​လျှင်၊ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- အိမ်​ရှင်​သည် သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ စောင့်​နေ​လိမ့်​မည်ကို သင်တို့သိကြ၏။ ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​က​လည်း၊ သ​ခင်၊ ဤ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​သာ မိန့်​တော်​မူ​သ​လော။ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သ​လော​ဟု မေး​လျှောက်​လျှင်၊- သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။- အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။- သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။- ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော​အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊ ထို​ကျွန်​ကို ပြင်း​စွာ ဆုံး​မ​ကွပ်​မျက်၍ သ​စ္စာ​မ​ရှိ​သော​သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။- အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။- သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။ မြေ​ပေါ်၌ မီး​လောင်​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။ ထို​မီး​မ​ညှိ​မီ​တိုင်​အောင် ငါ၏​အ​လို​မ​ပြည့်​စုံ။ ဗ​တ္တိ​ဇံ​တစ်​ခု​ကို​လည်း ငါ​ခံ​စ​ရာ​ရှိ၏။- ထို​ဗ​တ္တိ​ဇံ​ကို မ​ခံ​မီ​တိုင်​အောင် ငါ​သည် အ​လွန်​ငြီး​ငွေ့​သော​စိတ်​ရှိ၏။- မြေ​ပေါ်၌ ငြိမ်​သက်​ခြင်း​ကို ပေး​အံ့​သော​ငှာ ငါ​လာ​သည်​ဟု ထင်​ကြ​သ​လော။ ထို​သို့​သော​အ​လို​ငှာ ငါ​လာ​သည်​မ​ဟုတ်။ အ​ချင်း​ချင်း​ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သည်​ဟု ငါ​ဆို၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ အိမ်​တစ်​အိမ်၌​နေ​သော လူ​ငါး​ယောက်​တို့​သည် နှစ်​ယောက်​တစ်​စု သုံး​ယောက်​တစ်​စု အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်။- အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် လူ​အ​စု​အ​ဝေး​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​နောက်​မျက်​နှာ၌ မိုး​ရိပ်​တက်​သည်​ကို မြင်​သော​အ​ခါ မိုး​ရွာ​မည်​ဟု ချက်​ချင်း​ဆို​တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- တောင်​လေ​လာ​သည်​ကို မြင်​သော​အ​ခါ နေ​ပူ​မည်​ဟု ဆို​တတ်၏။ ဆို​သည်​အ​တိုင်း​လည်း ဖြစ်​တတ်၏။- လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး၏​မျက်​နှာ​နှင့် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ယ​ခု​ကပ်​ကာ​လ​ကို အ​ဘယ်​ကြောင့်​ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ​သ​နည်း။ ထို​မှ​တစ်​ပါး ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​ဘယ်​ကြောင့် အ​လို​အ​လျောက်​ပိုင်း​ခြား၍ မ​သိ​ကြ​သ​နည်း။- သင်​သည် တ​ရား​တွေ့​ဖက်​နှင့်​အ​တူ မင်း​ထံ​သို့​သွား​သော​အ​ခါ အ​မှု​ပြေ​စေ​ခြင်း​ငှာ လမ်း၌​ကြိုး​စား​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး​ရှေ့​သို့ ဆွဲ​မည်။ တ​ရား​သူ​ကြီး​သည် လု​လင်​ခေါင်း​၌​အပ်၍၊ လု​လင်​ခေါင်း​သည် ထောင်​ထဲ၌ လှောင်​ထား​မည်။- လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 12:13-59 Common Language Bible (BCL)

ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။ ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။- ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊- `ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။- ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။- ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။ ``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။- အ​သက်​သည်​အ​စား​အ​စာ​ထက်​အ​ရေး​ကြီး ၏။ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​အ​ရေး​ကြီး​၏။- ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။- သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ခြင်း အား​ဖြင့်​မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း ငယ်​မျှ​ပို​၍​ရှည်​စေ​နိုင်​သ​နည်း။- ဤ​သို့​သေး​ငယ်​သော​အ​မှု​ကို​မ​တတ်​နိုင်​လျှင် အ​ဘယ်​ကြောင့်​အ​ခြား​အ​မှု​များ​အ​တွက် စိုး​ရိမ်​နေ​ကြ​သ​နည်း။- တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။- ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။'' ``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။- ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။- သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။ ``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။- သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ သို့ သင်​တို့​စိတ်​သည်​လည်း​ရောက်​တတ်​သော ကြောင့်​ဖြစ်​၏။'' ``သင်​တို့​သည်​အ​ဆင်​သင့်​ဖြစ်​ရန်​ခါး​ကို​စည်း လျက်​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ထား​ကြ​လော့။- မင်္ဂလာ​ဆောင်​မှ​ပြန်​လာ​သော​မိ​မိ​တို့​၏​သ​ခင် သည်​တံ​ခါး​ကို​ခေါက်​လျှင် ချက်​ချင်း​ဖွင့်​ပေး ရန်​စောင့်​မျှော်​နေ​ကြ​သော​အ​စေ​ခံ​များ​ကဲ့ သို့​ဖြစ်​ကြ​လော့။- အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။- သူ​သည်​သန်း​ခေါင်​ယံ​၌​သော်​လည်း​ကောင်း၊ မိုး​သောက်​ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ သော​အ​ခါ စောင့်​မျှော်​လျက်​နေ​သော​အ​စေ​ခံ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။- အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အချိန် ကို​သာ​သိ​ရ​လျှင် မိ​မိ​အိမ်​ကို​သူ​ခိုး​အ​ဖောက် ခံ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​မှတ်​ထား​ကြ​လော့။- လူ​သား​သည်​သင်​တို့​မ​မျှော်​လင့်​သည့်​အ​ချိန် ၌​ကြွ​လာ​မည်​ဖြစ်​၍​သင်​တို့​အ​သင့်​ရှိ​နေ​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``အ​ရှင်၊ ဤ​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အ​တွက်​မိန့်​တော်​မူ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​ခပ်​သိမ်း​တို့​အ​တွက်​လော'' ဟု မေး​လျှောက်​၏။ သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။- တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​သည်​ကို​အိမ်​ရှင် ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင် ထို​အ​စေ​ခံ​သည် မင်္ဂ​လာ​ရှိ​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။- သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။- ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။ ``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။- သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။ ``ငါ​သည်​ဤ​လော​က​ကို​မီး​လောင်​စေ​ရန်​လာ ၏။ ယ​ခု​ပင်​မီး​လောင်​စေ​ချင်​လှ​ပြီ။- ငါ​ခံ​ယူ​ရ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု ကို​ဆောင်​ရွက်​၍​မ​ပြီး​မ​ချင်း ငါ​သည်​စိတ် ဒုက္ခ​ရောက်​လှ​၏။- ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန် ငါ​လာ​သည်​ဟု​ထင်​ကြ​သ​လော။ ယင်း​သို့​မ​ဟုတ်။ လူ​တို့​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် သာ​လျှင်​ငါ​လာ​သ​တည်း။- ယ​ခု​မှ​စ​၍​လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​ထောင် တွင်​နှစ်​ယောက်​က​တစ်​ဖက်၊ သုံး​ယောက်​က တစ်​ဖက်​စိတ်​ဝမ်း​ကွဲ​ပြား​ကြ​လိမ့်​မည်။- ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​ရွာ​လိမ့် မည်​ဟု​သင်​တို့​ချက်​ချင်း​ပြော​တတ်​ကြ​၏။ သင် တို့​ပြော​သည့်​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။- တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။- ကြောင်​သူ​တော်​တို့၊ သင်​တို့​သည်​မိုး​မြေ​၏ အ​ရိပ်​အ​ခြေ​ကို​ထောက်​လျက်​ရာ​သီ​ဥ​တု အ​ခြေ​အ​နေ​ကို​ပြော​နိုင်​ကြ​ပါ​လျက်​နှင့် ဤ ခေတ်​ကာ​လ​နှင့်​စပ်​ဆိုင်​သော​နိ​မိတ်​များ​ကို အ​ဘယ်​ကြောင့်​မ​သိ​နိုင်​ကြ​သ​နည်း။'' ``မှန်​ကန်​သည့်​အ​မှု​ကို​ပြု​ရန်​အ​ဘယ်​ကြောင့် သင်​တို့​ကိုယ်​တိုင်​မ​ဆုံး​ဖြတ်​ကြ​သ​နည်း။- သင်​၏​တ​ရား​တွေ့​ဘက်​နှင့်​အ​တူ တ​ရား သူ​ကြီး​ထံ​ကို​သွား​ရာ​လမ်း​တွင်​ကျေ​အေး အောင်​စေ့​စပ်​လော့။ ထို​သို့​မ​ပြု​ပါ​မူ သူ​သည် သင့်​အား​တ​ရား​သူ​ကြီး​၏​ရှေ့​သို့​ဆွဲ​ခေါ် သွား​လိမ့်​မည်။ တ​ရား​သူ​ကြီး​သည် သင့်​အား မင်း​မှု​ထမ်း​လက်​သို့​ပေး​အပ်​လိုက်​လိမ့်​မည်။ မင်း​မှု​ထမ်း​သည်​လည်း​သင့်​အား​ထောင်​ချ ထား​လိမ့်​မည်။- အ​ကြွေး​အ​ကုန်​ပြေ​လည်​အောင်​မ​ဆပ်​မ​ချင်း သင်​သည်​ထောင်​မှ​ထွက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​၏'' ဟူ​၍​ပ​ရိ​သတ်​သင်​တို့​အား​မိန့် တော်​မူ​၏။

ရှင်လုကာ 12:13-59 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ လူထု​ပရိသတ်​ထဲမှ တစ်စုံတစ်ဦး​က ကိုယ်တော်​အား “ဆရာ၊ အကျွန်ုပ်​ကို​အမွေ​ခွဲဝေ​ပေး​ရန် အကျွန်ုပ်​၏​အစ်ကို​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ သို့သော် ကိုယ်တော်​က“အချင်း​လူ၊ မည်သူ​သည် ငါ့​ကို သင်​တို့​၏​တရားသူကြီး​၊သို့မဟုတ် ခုံလူကြီး​အဖြစ် ခန့်ထား​သနည်း”​ဟု သူ့​အား​မိန့်​တော်မူ​၏။ ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။ တစ်ဖန် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“သူဌေး​တစ်​ဦး​သည် မိမိ​လယ်ကွင်း​မှ​အသီးအနှံ​ကောင်းစွာ​ထွက်​သဖြင့် ‘ငါ​၏​အသီးအနှံ​များ​ကို​သို​ထား​ရန် နေရာ​မ​ရှိ။ ငါ​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု မိမိ​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​လေ​၏။ ထို့နောက် သူ​က ‘ငါ​ဤသို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပိုမို​ကြီးမား​သော​ကျီ​များ​ကို​ဆောက်​ပြီးလျှင် ငါ​၏​ဂျုံဆန်​နှင့်​ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ထို​နေရာ​တွင် စုသိမ်း​ထား​မည်။ ငါ​၏​ဝိညာဉ်​ကို​လည်း အချင်း​ဝိညာဉ်၊ ကောင်း​သော​အရာ​အမြောက်အမြား​တို့​ကို နှစ်​ပေါင်း​များစွာ​အတွက် သိုမှီး​ထား​လျက်​ရှိ​ပြီ။ အနားယူ​လော့။ စား​သောက်​ပျော်မွေ့​လော့​ဟူ၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။ သို့သော် ဘုရားသခင်​သည် ထို​သူ​အား ‘အချင်း​လူမိုက်၊ ဤ​ည​၌​ပင် သင့်​ဝိညာဉ်​ကို သင့်​ထံမှ​ရုပ်သိမ်း​ကြ​လိမ့်မည်။ သို့ဖြစ်လျှင် သင်​ပြင်ဆင်​ထား​သော​အရာ​များ​သည် မည်သူ့​ဥစ္စာ​ဖြစ်​လိမ့်မည်​နည်း’​ဟု မိန့်​တော်မူ​၏။ မိမိ​အတွက် ဥစ္စာ​များ​ကို​သိုမှီး​ထား​သော်လည်း ဘုရားသခင်​၏​ရှေ့​တော်​၌ ကြွယ်ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို​ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား အသက်​သည် အစာ​ထက် အရေးကြီး​၏။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​၏။ ကျီးကန်း​များ​ကို​ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ။ ရိတ်သိမ်း​ခြင်း​လည်း​မ​ရှိ။ သိုလှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့သော် ဘုရားသခင်​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များစွာ​အဖိုးထိုက်​ကြ​၏။ သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ ထိုသို့ သေးငယ်​သော​အမှု​ကို​ပင် မ​တတ်နိုင်​ကြ​လျှင် အဘယ်ကြောင့် အခြား​သော​အမှု​များ​အတွက် စိုးရိမ်​ကြ​သနည်း။ နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို မည်မျှ​ပို၍​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်နည်း။ ထို့ကြောင့် သင်​တို့​သည် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို​သောက်​ရ​မည်နည်း​ဟု မ​ရှာကြံ​ကြ​နှင့်။ စိုးရိမ်​ပူပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ သို့ဖြစ်၍ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​များ​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။ သိုးစု​ငယ်၊ မ​ကြောက်​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​အား နိုင်ငံ​တော်​ပေး​ရ​သည်​ကို နှစ်သက်​တော်မူ​၏။ သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။ အကြောင်းမူကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​တို့​၏​စိတ်နှလုံး​လည်း​ရောက်​တတ်​၏။ သင်​တို့​သည် ခါး​ကို​စည်း​လျက် ဆီမီး​တို့​ကို​ထွန်း​ထား​ကြ​လော့။ မိမိ​တို့​၏​သခင်​သည် မင်္ဂလာဆောင်​ပွဲ​မှ​ပြန်လာ​၍ တံခါး​ခေါက်​သောအခါ သူ့​အတွက် ချက်ချင်း​တံခါး​ဖွင့်​ပေး​နိုင်​ရန် သခင်​ကို​စောင့်​နေ​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လော့။ သခင်​ပြန်လာ​သောအခါ သတိ​နှင့်​စောင့်​နေ​ကြ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​ခါး​ကို​စည်း​လျက် သူ​တို့​ကို​ထိုင်​စေ​ပြီးလျှင် အနား​သို့​လာ​၍ သူ​တို့​ကို​လုပ်ကျွေး​ပြုစု​လိမ့်မည်။ သခင်​သည် ညဥ့်နက်​အချိန်​၌​ဖြစ်စေ၊ သန်းခေါင်​ကျော်​အချိန်​၌​ဖြစ်စေ ပြန်လာ​၍ ထိုသို့​စောင့်​နေ​ကြ​သည်​ကို​တွေ့မြင်​လျှင် သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် မိမိ​အိမ်​ကို ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။ လူ့သား​သည် သင်​တို့​မ​ထင်မှတ်​သော​အချိန်​၌ ကြွလာ​မည်​ဖြစ်၍ သင်​တို့​သည်​လည်း အသင့်​ရှိ​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အတွက်​မိန့်​တော်မူ​သလော​၊ သို့မဟုတ် လူ​အပေါင်း​တို့​အတွက်​ပါ မိန့်​တော်မူ​သလော”​ဟု မေးလျှောက်​၏။ သခင်​ဘုရား​က​လည်း“မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။ မိမိ​သခင်​ပြန်လာ​သောအခါ ထိုသို့​ဆောင်ရွက်​နေ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​သည် မင်္ဂလာရှိ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​၏​ဥစ္စာ​ပစ္စည်း​ရှိသမျှ​ကို သူ့​အား​ကြီးကြပ်​စောင့်ရှောက်​စေ​လိမ့်မည်။ သို့သော် ထို​အစေအပါး​သည် မိမိ​စိတ်​ထဲ၌ ‘ငါ့​သခင်​ပြန်လာ​ရန် ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက် အစေခံ​ယောက်ျား​နှင့်​အစေခံ​မိန်းမ​များ​ကို ရိုက်နှက်​ကာ စား​သောက်​ယစ်မူး​လျက်​နေ​လျှင် ထို​အစေအပါး​၏​သခင်​သည် သူ​မျှော်လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အချိန်​တွင် ရောက်လာ​၍ သူ့​ကို ပြင်းစွာ​ပြစ်ဒဏ်​ပေး​ကာ မ​ယုံကြည်​သူ​တို့​နှင့်အတူ နေရာ​ချ​ထား​လိမ့်မည်။ မိမိ​သခင်​၏​အလို​ကို​သိ​လျက်​ပင် ပြင်ဆင်​ထား​ခြင်း​မ​ရှိ​၊ သို့မဟုတ် သခင်​၏​အလို​အတိုင်း​လုပ်ဆောင်​ခြင်း​မ​ရှိ​သော အစေအပါး​သည် များစွာ​ရိုက်နှက်​ခြင်း​ခံရ​လိမ့်မည်။ သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။ မြေကြီး​ပေါ်သို့ မီး​ကို​ပစ်ချ​ရန် ငါ​လာ​၏။ မီးစွဲ​လောင်​ပြီး​သား​ဖြစ်​ရန်​ပင် ငါ​အလွန်​အလိုရှိ​၏။ သို့သော် ငါ​ခံ​မည့်​ဗတ္တိဇံ​တစ်​ပါး​ရှိ​၏။ ထို​အမှု​မ​ပြီးဆုံး​မီ​တိုင်အောင် ငါ​သည် ဖိစီး​မှု​ကို မည်မျှ​ခံစား​ရ​ပါ​မည်နည်း။ မြေကြီး​ပေါ်၌ ငြိမ်သက်​ခြင်း​ကို​ပေး​ရန် ငါ​လာ​သည်​ဟု ထင်မှတ်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ကွဲပြား​စေရန် ငါ​လာ​၏။ အကြောင်းမူကား ယခု​မှစ၍ လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​တစ်​အိမ်​တွင် သုံး​ယောက်​သည် နှစ်​ယောက်​ကို​လည်းကောင်း၊ နှစ်​ယောက်​သည် သုံး​ယောက်​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်။ ဖခင်​သည် သား​ကို​လည်းကောင်း၊ သား​သည် ဖခင်​ကို​လည်းကောင်း၊ မိခင်​သည် သမီး​ကို​လည်းကောင်း၊ သမီး​သည် မိခင်​ကို​လည်းကောင်း၊ ယောက္ခမ​သည် ချွေးမ​ကို​လည်းကောင်း၊ ချွေးမ​သည် ယောက္ခမ​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် အနောက်​အရပ်​တွင် မိုးတိမ်​တက်လာ​သည်​ကို​မြင်​လျှင် မိုးသက်မုန်တိုင်း​လာ​နေ​ပြီ​ဟု ချက်ချင်း​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။ တောင်​လေ​တိုက်​လာ​သောအခါ​၌​လည်း ပူအိုက်​လိမ့်မည်​ဟု​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​သည် မြေကြီး​နှင့်​ကောင်းကင်​တို့​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​နိုင်​ကြ​သော်လည်း ဤ​အချိန်​ကာလ​ကို အဘယ်ကြောင့် ပိုင်းခြား​၍​မ​သိ​နိုင်​ကြ​သနည်း။ ထိုမှတစ်ပါး မှန်ကန်​သည့်​အရာ​ကို အဘယ်ကြောင့် မိမိ​တို့​ကိုယ်တိုင်​မ​ဆင်ခြင်​မ​သုံးသပ်​ကြ​သနည်း။ သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ အကြီးအကဲ​ထံသို့​သွား​ကြ​သောအခါ လမ်း​၌ သူ​နှင့်​ကျေအေး​အောင်​ကြိုးစား​လော့။ သို့မဟုတ်​ပါက သူ​သည် သင့်​ကို တရားသူကြီး​ထံသို့​ဆွဲခေါ်သွား​၍ တရားသူကြီး​သည် သင့်​ကို မင်းမှုထမ်း​လက်​သို့​အပ်​သဖြင့် မင်းမှုထမ်း​သည် သင့်​ကို ထောင်​ထဲ၌ ထည့်​ထား​လိမ့်မည်။ သင့်​အား ငါ​ဆို​မည်။ နောက်ဆုံး​လတ္တာ​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်”​ဟု​မိန့်​တော်မူ​၏။