YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 12:13-33

ရှင်လုကာ 12:13-33 Judson Bible (JBMLE)

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အစ်​ကို​သည် အ​မွေ​ဥ​စ္စာ​ကို အ​ကျွန်ုပ်​အား ဝေ​ပေး​ပါ​မည်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။- ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သူ​ဌေး​တစ်​ဦး၌ မြေ​ကောင်း၍ အ​သီး​အ​နှံ​များ​လှ၏။- ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။- ပြု​မည်​အ​ကြံ​မူ​ကား၊ ငါ့​တိုက်​များ​ကို​ဖျက်၍ ကျယ်​သော​တိုက်​တို့​ကို တည်​ပြီး​မှ၊ ငါ၏​အ​သီး​အ​နှံ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို သို​ထား​မည်။- ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။- ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။- ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့ စား​ရ​မည်​ဟူ၍ အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟူ၍ ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ငါ​ဆို၏။- အ​စာ​ထက် အ​သက်​မြတ်​သည်​မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည်​မ​ဟုတ်​လော။- ကျီး​ကန်း​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ စ​ပါး​ကျီ​မ​ရှိ၊ ဘ​ဏ္ဍာ​တိုက်​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။- အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။- ထို​သို့ အ​ငယ်​ဆုံး​သော​အ​မှု​ကို​မျှ မ​တတ်​နိုင်​လျှင် ကြွင်း​သော​အ​မှု​ကို အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။- နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။ သို့​သော်​လည်း ဘုန်း​ကြီး​သော​ရှော​လ​မုန်​မင်း​ကြီး အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏​အ​ဝတ်​ကို မ​မီ​ဟု ငါ​ဆို၏။- ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ ယ​နေ့​အ​သက်​ရှင်​လျက်၊ နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။- ထို​အ​ရာ​များ​ကို လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။ ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို သင်​တို့​အ​ဘ သိ​တော်​မူ၏။- သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။ သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။- သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။

ရှင်လုကာ 12:13-33 Common Language Bible (BCL)

ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။ ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။- ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊- `ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။- ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။- ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။ ``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။- အ​သက်​သည်​အ​စား​အ​စာ​ထက်​အ​ရေး​ကြီး ၏။ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​အ​ရေး​ကြီး​၏။- ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။- သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ခြင်း အား​ဖြင့်​မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း ငယ်​မျှ​ပို​၍​ရှည်​စေ​နိုင်​သ​နည်း။- ဤ​သို့​သေး​ငယ်​သော​အ​မှု​ကို​မ​တတ်​နိုင်​လျှင် အ​ဘယ်​ကြောင့်​အ​ခြား​အ​မှု​များ​အ​တွက် စိုး​ရိမ်​နေ​ကြ​သ​နည်း။- တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။- ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။'' ``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။- ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။- သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။ ``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။- သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။

ရှင်လုကာ 12:13-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ လူထု​ပရိသတ်​ထဲမှ တစ်စုံတစ်ဦး​က ကိုယ်တော်​အား “ဆရာ၊ အကျွန်ုပ်​ကို​အမွေ​ခွဲဝေ​ပေး​ရန် အကျွန်ုပ်​၏​အစ်ကို​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ သို့သော် ကိုယ်တော်​က“အချင်း​လူ၊ မည်သူ​သည် ငါ့​ကို သင်​တို့​၏​တရားသူကြီး​၊သို့မဟုတ် ခုံလူကြီး​အဖြစ် ခန့်ထား​သနည်း”​ဟု သူ့​အား​မိန့်​တော်မူ​၏။ ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။ တစ်ဖန် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“သူဌေး​တစ်​ဦး​သည် မိမိ​လယ်ကွင်း​မှ​အသီးအနှံ​ကောင်းစွာ​ထွက်​သဖြင့် ‘ငါ​၏​အသီးအနှံ​များ​ကို​သို​ထား​ရန် နေရာ​မ​ရှိ။ ငါ​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု မိမိ​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​လေ​၏။ ထို့နောက် သူ​က ‘ငါ​ဤသို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပိုမို​ကြီးမား​သော​ကျီ​များ​ကို​ဆောက်​ပြီးလျှင် ငါ​၏​ဂျုံဆန်​နှင့်​ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ထို​နေရာ​တွင် စုသိမ်း​ထား​မည်။ ငါ​၏​ဝိညာဉ်​ကို​လည်း အချင်း​ဝိညာဉ်၊ ကောင်း​သော​အရာ​အမြောက်အမြား​တို့​ကို နှစ်​ပေါင်း​များစွာ​အတွက် သိုမှီး​ထား​လျက်​ရှိ​ပြီ။ အနားယူ​လော့။ စား​သောက်​ပျော်မွေ့​လော့​ဟူ၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။ သို့သော် ဘုရားသခင်​သည် ထို​သူ​အား ‘အချင်း​လူမိုက်၊ ဤ​ည​၌​ပင် သင့်​ဝိညာဉ်​ကို သင့်​ထံမှ​ရုပ်သိမ်း​ကြ​လိမ့်မည်။ သို့ဖြစ်လျှင် သင်​ပြင်ဆင်​ထား​သော​အရာ​များ​သည် မည်သူ့​ဥစ္စာ​ဖြစ်​လိမ့်မည်​နည်း’​ဟု မိန့်​တော်မူ​၏။ မိမိ​အတွက် ဥစ္စာ​များ​ကို​သိုမှီး​ထား​သော်လည်း ဘုရားသခင်​၏​ရှေ့​တော်​၌ ကြွယ်ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို​ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား အသက်​သည် အစာ​ထက် အရေးကြီး​၏။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​၏။ ကျီးကန်း​များ​ကို​ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ။ ရိတ်သိမ်း​ခြင်း​လည်း​မ​ရှိ။ သိုလှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့သော် ဘုရားသခင်​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များစွာ​အဖိုးထိုက်​ကြ​၏။ သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ ထိုသို့ သေးငယ်​သော​အမှု​ကို​ပင် မ​တတ်နိုင်​ကြ​လျှင် အဘယ်ကြောင့် အခြား​သော​အမှု​များ​အတွက် စိုးရိမ်​ကြ​သနည်း။ နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို မည်မျှ​ပို၍​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်နည်း။ ထို့ကြောင့် သင်​တို့​သည် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို​သောက်​ရ​မည်နည်း​ဟု မ​ရှာကြံ​ကြ​နှင့်။ စိုးရိမ်​ပူပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ သို့ဖြစ်၍ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​များ​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။ သိုးစု​ငယ်၊ မ​ကြောက်​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​အား နိုင်ငံ​တော်​ပေး​ရ​သည်​ကို နှစ်သက်​တော်မူ​၏။ သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။