ရှင်လုကာ 10:38-42
ရှင်လုကာ 10:38-42 Judson Bible (JBMLE)
ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတစ်ရွာသို့ဝင်သော်၊ မာသအမည်ရှိသော မိန်းမတစ်ဦးသည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။- ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။- မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည်၊ ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကို ပစ်ထားသည်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရ၏။ လိုသောအရာတစ်ခုတည်း ရှိ၏။- မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်မယူရာဟု မိန့်တော်မူ၏။
ရှင်လုကာ 10:38-42 Common Language Bible (BCL)
သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။- မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။- မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ သခင်ဘုရားက ``မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။- သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 10:38-42 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌လက်ခံကြိုဆိုလေ၏။ ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။ မာသမူကား ဧည့်ခံခြင်းအမှုများကြောင့် စိတ်ပူပန်သဖြင့် အထံတော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ဦးတည်းသာ ဧည့်ဝတ်ပြုရန်ပစ်ထားခဲ့သည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော။ ကျွန်မကိုကူညီရန် သူ့အား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။ သခင်ဘုရားကလည်း“မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့အတွက်စိုးရိမ်လျက် နှောင့်ယှက်ခြင်းကိုခံနေရ၏။ သို့သော် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သည့်အပိုင်းကို ရွေးချယ်ပြီဖြစ်၍ ၎င်းကို သူ့ထံမှမနုတ်မပယ်ရာ”ဟု မိန့်တော်မူ၏။