YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:5-7

ရှင်လုကာ 1:5-7 Judson Bible (JBMLE)

ယု​ဒ​ပြည်​ကို​အ​စိုး​ရ​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ အ​ဘိ​ယ​အ​သင်း​အ​ဝင် ဖြစ်၍၊ ဇာ​ခ​ရိ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ၏။ သူ၏​ခင်​ပွန်း​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ဖြစ်၏။ သူ့​အ​မည်​ကား ဧ​လိ​ရှ​ဗက်​တည်း။- ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။- ဧ​လိ​ရှ​ဗက်​သည် မြုံ​သော​ကြောင့် သူ​တို့​သည် သား​မ​ရှိ။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သက်​အ​ရွယ် ကြီး​ရင့်​ကြ၏။

ရှင်လုကာ 1:5-7 Common Language Bible (BCL)

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ရုဒ်​မင်း​လက်​ထက်​၌ ဇာ​ခ​ရိ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ သည်​အ​ဘိ​ယ​ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​ဝင်​ဖြစ်​၏။ သူ​၏​ဇနီး​ကား​ဧ​လိ​ရှ​ဗက်​ဟု​နာ​မည်​တွင်​၏။ ဧ​လိ​ရှ​ဗက်​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​အ​နွယ် ဝင်​ဖြစ်​၏။- ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။- သို့​သော်​ဧလိ​ရှဗက်​သည်​အ​မြုံ​ဖြစ်​၍​သား​သ​မီး မ​ရ။ သူ​တို့​နှစ်​ဦး​လုံး​ပင်​အ​သက်​ကြီး​ရင့်​ကြ လေ​ပြီ။

ရှင်လုကာ 1:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုဒ​နယ်​ကို​အုပ်ချုပ်​သော ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ဇာခရိ​အမည်​ရှိ​သော အဘိယ​အဖွဲ့ဝင်​ယဇ်ပုရောဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇနီး​သည် အာရုန်​၏​အမျိုး​မှ​ဆင်းသက်​သူ​ဖြစ်​ပြီး သူ​၏​အမည်​မှာ အဲလစ်ဇဘက်​ဖြစ်​၏။ သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။ သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။