YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:46-49

ရှင်လုကာ 1:46-49 Judson Bible (JBMLE)

မာ​ရိ​က​လည်း၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၏။- ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင် ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​မ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို ကြည့်​ရှု​တော်​မူ​ပြီ။ နောင်​ကာ​လ၌ ခပ်​သိမ်း​သော​လူ အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။- တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သည် အံ့​ဖွယ်​သော​ကျေး​ဇူး​တော်​ကို ငါ့​အား​ပြု​တော်​မူ​ပြီ၊ ထို​ဘု​ရား၏ နာ​မ​တော်​သည် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

ရှင်လုကာ 1:46-49 Common Language Bible (BCL)

မာ​ရိ​က၊ ``ငါ​၏​စိတ်​နှ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​ကြောင့် ငါ့​ဝိ​ညာဉ်​သည်​အား​ရ​ရွှင်​လန်း​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​အ​စေ​ခံ​၏​သိမ်​ငယ်​သော အ​ဖြစ်​ကို သ​တိ​ရ​တော်​မူ​ပြီ။ ယ​ခု​မှ​စ​၍​နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သူ​ဟု​ခေါ်​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​တန်​ခိုး​ရှင်​သည် ငါ့​အ​တွက်​အံ့​သြ​ဖွယ်​သော​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။

ရှင်လုကာ 1:46-49 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မာရိ​က​လည်း “ငါ​၏​စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကို​ချီးမွမ်း​၍ ငါ့​ဝိညာဉ်​သည် ငါ​၏​ကယ်တင်ရှင်​ဘုရားသခင်​၌ ရွှင်မြူး​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​၏​သိမ်ငယ်​သော​အဖြစ်​ကို ဂရုစိုက်​တော်မူ​ပြီ။ ယခု​မှစ၍ နောင်လာနောက်သား​အပေါင်း​တို့​သည် ငါ့​ကို​မင်္ဂလာရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​သည် ကြီးမား​သော​အမှု​တို့​ကို ငါ့​အတွက်​ပြု​တော်မူ​ပြီ။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။