YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယုဒ 1:3-4

ရှင်ယုဒ 1:3-4 Judson Bible (JBMLE)

ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။- အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။

ရှင်ယုဒ 1:3-4 Common Language Bible (BCL)

ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။

ရှင်ယုဒ 1:3-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။ အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။