YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 7:6-9

ယောရှု 7:6-9 Judson Bible (JBMLE)

ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။ ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။ အို​ဘု​ရား​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​တို့​ရှေ့​မှာ ကျော​ကို​လှည့်​ရ​ကြ​သည်​ဖြစ်၍ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြော​ရ​ပါ​မည်​နည်း။ ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။

ယောရှု 7:6-9 Common Language Bible (BCL)

ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။- ယော​ရှု​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် တို့​ကို​အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကူး​စေ​တော်​မူ​ပါ​သ​နည်း။ အာ​မော​ရိ​အ​မျိုး သား​တို့​လက်​သို့​အပ်​ရန်​လော။ သေ​ကြေ​ပျက်​စီး စေ​ရန်​လော။ အ​ကျွန်ုပ်​တို့​သည်​ယော်ဒန်​မြစ်​တစ် ဘက်​ကမ်း​၌​သာ​နေ​ထိုင်​ခဲ့​လျှင်​ကောင်း​ပါ မည်။- အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။- ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။

ယောရှု 7:6-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယောရှု​သည် မိမိ​အဝတ်​ကို​ဆုတ်​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်တကွ နေဝင်ချိန်​တိုင်အောင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​၊ မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက်​၊ ခေါင်း​ပေါ်၌ မြေမှုန့်​ကို​တင်​လျက်​နေ​ကြ​၏​။ ယောရှု​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​တို့​အား ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​စေ​ပြီး အာမောရိ​လူမျိုး​တို့​လက်​သို့​အပ်​၍ ဖျက်ဆီး​စေရန် အဘယ်ကြောင့် ဆောင်​ခဲ့​သနည်း​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌ နေ​ခဲ့​သင့်​၏​။ အို အကျွန်ုပ်​ဘုရားရှင်​၊ အစ္စရေး​လူမျိုး​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​ပြီ​ဖြစ်၍ အကျွန်ုပ် မည်သို့​လျှောက်ဆို​နိုင်​ဦး​မည်နည်း​။ ခါနာန်​လူမျိုး​နှင့် ခါနာန်​ပြည်သား​အပေါင်း​တို့​ကြား​လျှင် သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ပြီး အကျွန်ုပ်​တို့​၏​အမည်​ကို မြေကြီး​ပေါ်မှ​ပယ်ဖျက်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​အဖို့ မည်သို့​ပြု​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။