YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 6:22-25

ယောရှု 6:22-25 Judson Bible (JBMLE)

ထို​ပြည်​ကို စူး​စမ်း​သော လူ​နှစ်​ယောက်​တို့​အား ယော​ရှု​က၊ သင်​တို့​သည် ကျိန်​ဆို​သည်​အ​တိုင်း၊ ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့​သွား၍၊ သူ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊ မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ သို့​ရာ​တွင် ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ကြ၏။ ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။

ယောရှု 6:22-25 Common Language Bible (BCL)

ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။- ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။- ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။- ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)

ယောရှု 6:22-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောရှု​သည် ထို​ပြည်​ကို​စူးစမ်း​ခဲ့​သော​လူ​နှစ်​ယောက်​အား “​ပြည့်တန်ဆာ​မိန်းမ​နှင့် သင်​တို့​ကျိန်ဆို​ထား​သည့်​အတိုင်း သူ့​အိမ်​သို့​သွား​၍ သူ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​ခဲ့​လော့​”​ဟု ဆို​လေ​၏​။ ထိုအခါ ထို​ပြည်​ကို စူးစမ်း​ခဲ့​သော​လုလင်​တို့​သည် ရာခပ်​အိမ်​သို့​ဝင်​၍ ရာခပ်​အပါအဝင် သူ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​များ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​လာ​၏​။ ရာခပ်​၏​ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်ထုတ်​လာ​၍ အစ္စရေး​တပ်စခန်း​အပြင်ဘက်​၌​ထား​လေ​၏​။ ထို့နောက် သူ​တို့​သည် မြို့​နှင့်တကွ မြို့​ထဲ၌​ရှိသမျှ​တို့​ကို မီး​ရှို့​ပစ်​၏​။ ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​တို့​ကို​မူကား ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​လေ​၏​။ ဂျေရိခေါ​မြို့​ကို​စူးစမ်း​ရန် ယောရှု​စေလွှတ်​သော​သူလျှို​တို့​ကို ပြည့်တန်ဆာ​ရာခပ်​သည် ဝှက်ထား​သောကြောင့် ယောရှု​သည် ရာခပ်​အပါအဝင် သူ့​ဖခင်​၏​မိသားစု​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​လေ​၏​။ ရာခပ်​သည် ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လေ​၏​။