YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 6:2-5

ယောရှု 6:2-5 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။ သို့​ဖြစ်၍ မြို့​ကို​လှည့်​ပတ်​ရ​ကြ​မည်။ ဣ​သ​ရေ​လ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ခြောက်​ရက်​ပတ်​လုံး လှည့်​ပတ်​ခြင်း​အ​မှု​ကို ပြု​ရ​ကြ​မည်။ ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

ယောရှု 6:2-5 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ငါ​သည် ယေ​ရိ​ခေါ​မြို့​နှင့်​တ​ကွ မြို့​ကို​အုပ်​ချုပ်​သော မင်း​ကြီး​နှင့်​သူ​ရ​သတ္တိ​ရှိ​သော​စစ်​သူ​ရဲ အ​ပေါင်း​တို့​ကို သင်​၏​လက်​တွင်း​သို့​ကျ ရောက်​စေ​မည်။- သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။- ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။- ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခ​ရာ​ကို အ​သံ​ရှည်​ရှည်​တစ်​ချက်​မှုတ်​ရ​ကြ​မည်။ ထို အ​ချက်​ပေး​သံ​ကို​ကြား​ရ​လျှင် လူ​အ​ပေါင်း တို့​သည် အ​သံ​ကျယ်​စွာ​အော်​ဟစ်​ရ​ကြ​မည်။ ထို​အ​ခါ​မြို့​ရိုး​များ​ပြို​ကျ​သ​ဖြင့်​စစ်​သည် တပ်​သား​အား​လုံး မိ​မိ​တို့​ရှိ​နေ​ရာ​မှ​မြို့ တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ​ဝင်​ရောက် နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယောရှု 6:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က ယောရှု​အား “​ကြည့်ရှု​လော့​။ ဂျေရိခေါ​မြို့​နှင့်တကွ ရှင်ဘုရင်​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​။ သင်​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မြို့​ကို​တစ်ပတ်ပြည့်​အောင် လှည့်ပတ်​ရ​မည်​။ ခြောက်​ရက်​ပတ်လုံး ထိုသို့​ပတ်​ရ​မည်​။ ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သေတ္တာ​တော်​ရှေ့​မှ​နေ​၍ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သွား​ရ​မည်​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် မြို့​ကို ခုနစ်​ပတ်​လှည့်ပတ်​ရ​မည်​။ တံပိုး​ကို​မှုတ်​ရ​မည်​။ ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​ကို​သံရှည်ဆွဲ​၍​မှုတ်​ရ​မည်​။ တံပိုးမှုတ်သံ​ကို​ကြား​သောအခါ လူအုပ်ကြီး​သည် ကျယ်လောင်​စွာ​အော်ဟစ်​ရ​မည်​။ ထိုအခါ မြို့ရိုး​ကြီး ပြိုကျ​လိမ့်မည်​။ လူ​တိုင်း မြို့​ထဲသို့ တန်းတန်းမတ်မတ် ဝင်သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။