ယောရှု 6:18-19
ယောရှု 6:18-19 Judson Bible (JBMLE)
သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကိုသိမ်းယူလျှင် မိမိတို့ကိုလည်းကောင်း၊ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ၍၊ နှောင့်ယှက်မည်ကို စိုးရိမ်စရာရှိ၏။ ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။
ယောရှု 6:18-19 Common Language Bible (BCL)
သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။- ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။
ယောရှု 6:18-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။