YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 1:2-4

ယောရှု 1:2-4 Judson Bible (JBMLE)

ငါ၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​လေ​ပြီ။ သို့​ဖြစ်၍၊ သင်​နှင့် သင်၌​ပါ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယ​ခု​ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ဝင်​စား​ကြ​လော့။ မော​ရှေ​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့​နင်း​သ​မျှ​သော​မြေ​ကို သင်​တို့​အား​ငါ​ပေး​မည်။ တော​ကြီး​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ဟိ​တ္တိ​ပြည်​တစ်​လျှောက်​လုံး​ပါ​လျက်၊ နေ​ဝင်​ရာ​ဘက် ပင်​လယ်​ကြီး​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​နယ် အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

ယောရှု 1:2-4 Common Language Bible (BCL)

``ငါ​၏​အ​စေ​ခံ​မော​ရှေ​အနိစ္စ​ရောက်​ပြီ။ သင် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ငါ​ပေး​သ​နား​တော် မူ​မည့်​ပြည်​တွင်း​သို့​ဝင်​ရောက်​ရန်​ယ​ခု​အ​သင့် ပြင်​ဆင်​လော့။- မော​ရှေ​အား​ငါ​က​တိ​ထား​တော်​မူ​ခဲ့​သည် အ​တိုင်း သင်​တို့​ချီ​တက်​သိမ်း​ယူ​မည့်​နယ် မြေ​အား​လုံး​ကို​သင်​တို့​အား​ငါ​ပေး မည်။- သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။

ယောရှု 1:2-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​ငါ​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီ​။ ထို့ကြောင့် သင်​နှင့်​ဤ​လူ​အပေါင်း​တို့​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ကြ​လော့​။ မောရှေ​အား ငါ​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​ခြေချ​လေ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​အား​ငါ​ပေး​မည်​။ သင်​တို့​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ်​ကြီး​တစ်လျှောက် ဟိတ္တိ​ပြည်​တစ်ပြည်လုံး​မှ အနောက်ဘက်​ပင်လယ်​ကြီး​တိုင်အောင် ဖြစ်​လိမ့်မည်​။