YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 42:10-11

ယောဘ 42:10-11 Judson Bible (JBMLE)

ယော​ဘ​သည် အ​ဆွေ​ခင်​ပွန်း​တို့​အ​ဖို့ ဆု​တောင်း​ပြီး​မှ၊ သူ​ခံ​ရ​သော​ဒု​က္ခ​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း၍၊ အ​ရင်​ထက် နှစ်​ဆ​သော​ဥ​စ္စာ​ကို ပေး​တော်​မူ၏။ ထို​အ​ခါ သူ၏​ညီ​အစ်​ကို​နှ​မ​များ၊ အ​ရင်​သိ​ကျွမ်း​သော​သူ​များ၊ အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​လာ၍ သူ၏​အိမ်၌ သူ​နှင့်​အ​တူ စား​သောက်​ကြ၏။ သူ့​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား ရောက်​စေ​တော်​မူ​သော ဒု​က္ခ​ဆင်း​ရဲ​ရှိ​သ​မျှ​ကို အောက်​မေ့၍ သူ​နှင့်​အ​တူ ညည်း​တွား​ခြင်း​နှင့် နှစ်​သိမ့်​စေ​ခြင်း​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငွေ​တစ်​ပြား​စီ​နှင့် ရွှေ​နား​တောင်း​တစ်​ဖက်​စီ ပေး​ကြ၏။

ယောဘ 42:10-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိတ်ဆွေ​များ​အတွက် ယောဘ​ဆုတောင်း​ပေး​ပြီး​နောက်တွင် ထာဝရဘုရား​သည် ယောဘ​ဆုံးရှုံး​ခဲ့​ရ​သော​ဥစ္စာ​တို့​ကို ပြန်ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ယောဘ​အား သူ​ပိုင်ဆိုင်​ခဲ့​သမျှ​၏​နှစ်ဆ​ကို ပြန်ပေး​တော်မူ​၏​။ ထိုအခါ ယောဘ​၏​ညီအစ်ကို​မောင်နှမ​အပေါင်း​တို့​နှင့် ယခင်က သိကျွမ်း​ခဲ့​သူ​အပေါင်း​တို့​သည် သူ့​ထံသို့​ရောက်လာ​၍ သူ့​အိမ်​၌ အတူ​စားသောက်​ကြ​၏​။ သူ့​အား ထာဝရဘုရား ကြုံတွေ့​စေ​သော​ဆင်းရဲဒုက္ခ​အပေါင်း​တို့​အတွက် သူ့​ကို အားပေး​နှစ်သိမ့်​ကြ​၏​။ သူ့​အား ငွေစ​တစ်​စ​နှင့် ရွှေ​လက်စွပ်​တစ်​ကွင်း​စီ​လည်း ပေး​ကြ​၏​။