YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 42:1-6

ယောဘ 42:1-6 Judson Bible (JBMLE)

ယော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​သည်​ကား၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကြံ​အ​စည်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ ပ​ညာ​မ​ရှိ​ဘဲ အ​ကြံ​အ​စည်​တော်​ကို မိုက်​စေ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် နား​မ​လည်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မ​သိ၊ အံ့​ဩ၍​မ​ကုန်​နိုင်​သော အ​ရာ​တို့​ကို​လည်း​ကောင်း ပြော​မိ​ပါ​ပြီ။ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် လျှောက်​ပါ​မည်။ အ​ကျွန်ုပ်​မေး​လျှောက်​သော အ​ရာ​တို့​ကို သွန်​သင်​တော်​မူ​ပါ။ သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။

ယောဘ 42:1-6 Common Language Bible (BCL)

ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။ သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။

ယောဘ 42:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယောဘ​က ထာဝရဘုရား​အား “​ကိုယ်တော်​သည် အရာခပ်သိမ်း​ကို​တတ်နိုင်​တော်မူ​၍ ကိုယ်တော်​၏​အကြံအစည်​ကို မည်သူ​မျှ မ​ဆီးတား​နိုင်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။ ‘​အသိဉာဏ်​မ​ရှိ​ဘဲ အကြံအစည်​တော်​ကို မျက်ကွယ်​ပြု​သူ​ကား မည်သူ​နည်း’​ဟု ကိုယ်တော်​မေး​တော်မူ​ပါ​၏​။ မှန်​ပါ​၏​။ အကျွန်ုပ်​နား​မ​လည်​သော​အရာ​၊ အကျွန်ုပ်​အတွက် အံ့မခန်း​ဖြစ်​သော​အရာ​၊ အကျွန်ုပ်​မ​သိ​နိုင်​သော​အရာ​များ​ကို ပြောဆို​မိ​ပါ​ပြီ​။ ယခု အကျွန်ုပ်​လျှောက်ဆို​သည်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​မေးလျှောက်​သည်​များ​ကို ဖြေကြား​တော်မူ​ပါ​။ ကိုယ်တော့်​အကြောင်း​ကို နား​ဖြင့်​သာ​ကြား​ဖူး​ခဲ့​သော်လည်း ယခုမှာ အကျွန်ုပ်​သည် ကိုယ်တော့်​ကို မျက်မြင်ကိုယ်တွေ့​ဖူးမြင်​ရ​ပါ​ပြီ​။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။