ယောဘ 40:3-5
ယောဘ 40:3-5 Judson Bible (JBMLE)
ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။ တစ်ကြိမ် ပြောမိပါပြီ။ တစ်ဖန် မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။
ယောဘ 40:3-5 Common Language Bible (BCL)
ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။ တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
ယောဘ 40:3-5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောဘက ထာဝရဘုရားအား “ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။ အကျွန်ုပ်သည် တစ်ကြိမ် နှစ်ကြိမ်မက ပြောဆိုမိပါပြီ။ ယခုမှာ နောက်ထပ်မပြောတော့ပါ”ဟု ပြန်လျှောက်၏။