YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 24:22-24

ယောဘ 24:22-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ကိုယ်တော်​သည် အားကြီး​သော​သူ​ကို တန်ခိုး​တော်​ဖြင့် လှဲချ​တော်မူ​မည်​။ သူ​ပြန်​ထလာ​လျှင်ပင် သူ့​အသက်​အတွက် အာမခံချက် ရှိ​မည်​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို ဘေးကင်းလုံခြုံ​စွာ​ဖြင့် နား​နေ​ရ​သော​အခွင့်ပေး​တော်မူ​၍ သူ​တို့​သွား​သော​လမ်း​များ​ကို​လည်း စောင့်ကြည့်​တော်မူ​၏​။ သူ​တို့​သည် ခဏတာ​ချီးမြှောက်​ခံရ​ပြီးမှ ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ နှိမ့်ချ​ခြင်း​ခံရ​၍ အများသူငါ​ကဲ့သို့ စုသိမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်နှံ​ကဲ့သို့ ရိတ်ဖြတ်​ခြင်း ခံရ​လိမ့်မည်​။