YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 23:2-7

ယောဘ 23:1-7 Judson Bible (JBMLE)

ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ ယ​ခု​ငါ​ပြင်း​စွာ မြည်​တမ်း​သော်​လည်း၊ ငါ​ခံ​ရ​သော​ဒဏ်​သည် သာ၍​ပြင်း​ပါ၏။ ဘု​ရား​သ​ခင်​ကို တွေ့​နိုင်​သော​အ​ရပ်​ကို ငါ​သိ​ပါ​စေ​သော။ ပ​လ္လင်​တော်​ရှေ့​သို့ ရောက်​ပါ​စေ​သော။ ရှေ့​တော်​သို့​ရောက်​မှ ငါ​သည် ကိုယ်​အ​မှု​ကို​ပြင်​ဆင်၍၊ များ​စွာ​သော အ​ကျိုး​အ​ကြောင်း​တို့​ကို လျှောက်​ထား​ရ၏။ ငါ့​အား ပြန်​ပြော​မိန့်​မြွက်​တော်​မူ​သော​စ​ကား​တော်​ကို ငါ​သိ​နား​လည်​ရ၏။ မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် ငါ​နှင့်​တ​ရား​တွေ့​တော်​မူ​မည်​လော။ တွေ့​တော်​မ​မူ။ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​သည် ရှေ့​တော်၌​ဆွေး​နွေး​သော​အ​ခွင့်​ရှိ၍၊ တ​ရား​ရှင်​သည် ငါ့​အ​မှု​ကို အ​စဉ်​ရှင်း​လင်း​စေ​တော်​မူ​မည်။

ယောဘ 23:1-7 Common Language Bible (BCL)

ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။ ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။ ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။ မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။ ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။

ယောဘ 23:2-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​ယနေ့​တွင် ဝေဒနာ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​ပါ​၏​။ ညည်းတွား​ရ​လွန်း​၍ ငါ​လက်ပန်းကျ​ကုန်​ပြီ​။ ကိုယ်တော်​အား မည်သည့်​အရပ်​၌​တွေ့​နိုင်​မည်​ကို ငါ​သိလို​ပါ​၏​။ စံမြန်း​တော်မူ​ရာ​သို့ ငါ​ရောက်​လို​ပါ​၏​။ သို့မှသာ ငါ့​အမှု​ကို ကိုယ်တော့်​ရှေ့​တွင် တင်ပြ​နိုင်​မည်​။ ငါ့​နှုတ်​ဖြင့် အလုံးစုံ​ချေပပြောဆို​နိုင်​မည်​။ ကိုယ်တော်​ပြန်​၍​မိန့်​တော်မူ​မည့်​စကား​တို့​ကို​လည်း ငါ​သိ​ရ​မည်​။ ကိုယ်တော်​မိန့်ဆို​သော​စကား​တို့​ကို​လည်း ငါ​နားလည်​နိုင်​မည်​။ ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ဖြင့် ငါ့​ကို ငြင်းဆန်​မည်လော​။ ထိုသို့​မ​ဟုတ်​ပါ​။ အကယ်စင်စစ် ကိုယ်တော်​သည် ငါ့​စကား​ကို နားထောင်​ပေး​တော်မူ​လိမ့်မည်​။ ထို​အရပ်​တွင် ဖြောင့်မှန်​သော​သူ​တို့ လျှောက်လဲ​ခွင့်​ရှိ​၏​။ ငါ့​ကို​စီရင်​သော​အရှင်​သည် ငါ့​ကို​ထာဝရ​လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​။