YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 1:13-22

ယောဘ 1:13-22 Judson Bible (JBMLE)

တစ်​နေ့​သ၌ ယော​ဘ၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်​တွင် စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​စဉ်၊ ယော​ဘ​ထံ​သို့ တစ်​မန်​တစ်​ယောက်​လာ၍၊ နွား​တို့​သည် လယ်​ထွန်​လျက်၊ သူ​တို့​အ​နား​မှာ မြည်း​မ​တို့​သည် ကျက်​စား​လျက်​ရှိ​ကြ​သော​အ​ခါ၊ ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ဘု​ရား​သ​ခင်၏​မီး​သည် မိုး​ကောင်း​ကင်​မှ ကျ​သ​ဖြင့်၊ သိုး​များ​နှင့် လူ​စောင့်​များ​တို့​ကို လောင်၍ သူ​တို့​သည် ကျွမ်း​ကုန်​ကြ​ပါ​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ခါ​လ​ဒဲ​အ​မျိုး​သား တပ်​သုံး​တပ်​တို့​သည် ချီ၍ ကု​လား​အုတ်​တို့​ကို တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ကိုယ်​တော်၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်၌ စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​သော​အ​ခါ၊ တော​မှ လေ​ကြီး​လာ၍ အိမ်​လေး​ထောင့်​ကို တိုက်​သ​ဖြင့်၊ အိမ်​သည် ထို​လု​လင်​တို့​အ​ပေါ်၌ ပြို​လဲ​ပါ၏။ သူ​တို့​သည်​သေ၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း မ​မှား​ယွင်း။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း အ​ပြစ်​မ​တင်​ဘဲ နေ၏။

ယောဘ 1:13-22 Common Language Bible (BCL)

တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊ ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊ တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။

ယောဘ 1:13-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နေ့သ၌ ယောဘ​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​၏​။ ထိုအခါ ယောဘ​ထံသို့ တမန်​တစ်ဦး​ရောက်လာ​ပြီး “​နွား​များ ထွန်ယက်​နေ​၍ မြည်း​များ အနီးအနား​၌ ကျက်စား​နေ​ကြ​စဉ် ရှေဘ​ပြည်သား​တို့​သည် နွား​နှင့်​မြည်း​တို့​ကို တိုက်ခိုက်​သိမ်းယူ​သွား​ပါ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​၍ အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့ ကြားလျှောက်​နေစဉ်​တွင်ပင် အခြား​တမန်​တစ်ဦး​ရောက်လာ​၍ “​ဘုရားသခင်​၏​မီး​သည် ကောင်းကင်​မှ​ကျလာ​၍ သိုး​နှင့်​အစေခံ​တို့​ကို လောင်​ကျွမ်း​လေ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့​ကြားလျှောက်​နေစဉ် အခြား​တစ်ဦး​လည်း​ရောက်လာ​၍ “​ခါလဒဲ​လူမျိုး​တို့​သည် အဖွဲ့​သုံး​ဖွဲ့​ခွဲ​ပြီး ကုလားအုတ်​များ​ကို တိုက်ခိုက်​သိမ်းယူ​သွား​ကြ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့ ကြားလျှောက်​နေ​စဉ်တွင်ပင် အခြား​တစ်ဦး​ရောက်လာ​၍ “​အရှင်​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​စဉ် တောကန္တာရ​ဘက်​မှ လေပြင်းမုန်တိုင်း​သည် လေးဘက်လေးတန်​မှ​တိုက်​လာ​သဖြင့် ထို​လုလင်​တို့​အပေါ်​သို့ အိမ်​ပြိုကျ​ပြီး သူ​တို့​သေ​ကုန်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုအခါ ယောဘ​သည် ထ​၍ ဝတ်လုံ​ကို​ဆုတ်​လေ​၏​။ ဆံပင်​ကို​လည်း​ရိတ်​ပြီး မြေ​ပေါ်တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​ငါ​သည် အဝတ်မပါ​ဘဲ အမိ​ဝမ်း​ထဲမှ​ထွက်လာ​၏​။ အဝတ်မပါ​ဘဲ ပြန်သွား​ရ​တော့​မည်​။ ထာဝရဘုရား ပေးသနား​တော်မူ​၏​။ ထာဝရဘုရား ပြန်​ရုပ်သိမ်း​တော်မူ​၏​။ ထာဝရဘုရား​၏​နာမ​တော်​သည် မင်္ဂလာရှိ​ပါစေ​သတည်း​”​ဟု ဆို​လေ​၏​။ ယောဘ​သည် ထို​အမှုအရာ​များ​ကြောင့် အပြစ်​မ​ပြု​၊ ဘုရားသခင်​ကို​လည်း အပြစ်​မ​တင်​ဘဲ​နေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။