ရှင်ယောဟန် 8:25-29
ရှင်ယောဟန် 8:25-29 Judson Bible (JBMLE)
ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။- သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။- ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။- ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကို မြှောက်ထားသောအခါ၊ ငါသည် ဤမည်သောသူဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကိုလည်းကောင်း သင်တို့သည် သိကြလိမ့်မည်။- ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 8:25-29 Common Language Bible (BCL)
ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။- သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။- ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။- ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 8:25-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက“ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။ သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။ သို့ဖြစ်၍ ယေရှုက“သင်တို့သည် လူ့သားကိုမြှောက်ထားကြသောအခါမှ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုဘဲ ငါ့အား ခမည်းတော်သွန်သင်တော်မူခဲ့သည့်အတိုင်း ဤအရာများကို ငါဟောပြောကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။