YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 8:12-20

ရှင်ယောဟန် 8:12-20 Judson Bible (JBMLE)

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​သည် ကိုယ်​အ​ကြောင်း​ကို​သက်​သေ​ခံ၏၊ သင်၏​သက်​သေ​မ​တည်​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း၊ ငါ့​သက်​သေ​တည်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​ဘယ်​အ​ရပ်​က လာ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သင်​တို့​မူ​ကား မ​သိ​ကြ။- သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား အ​ဘယ်​သူ​ကို​မျှ​မ​စီ​ရင်။- ငါ​သည်​စီ​ရင်​သော်​လည်း ငါ၏​စီ​ရင်​ခြင်း​သည် တည်၏။ အ​ကြောင်း​မူ​ကား။ ငါ​သည် တစ်​ယောက်​တည်း နေ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ဘက်၌​နေ​တော်​မူ၏။- သက်​သေ​ခံ​နှစ်​ဦး​တို့၏ စ​ကား​သည် တည်​ရ၏​ဟု သင်​တို့ ပ​ည​တ္တိ​ကျမ်း​စာ၌​လာ၏။- ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ​ဖြစ်၏။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ သင်၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ ငါ့​ခ​မည်း​တော်​ကို​လည်း မ​သိ​ကြ။ ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။

ရှင်ယောဟန် 8:12-20 Common Language Bible (BCL)

တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။- သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။- အ​ကယ်​၍​ငါ​စစ်​ဆေး​စီ​ရင်​မည်​ဆို​ပါ​က ငါ​တစ်​ဦး​တည်း​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​သော​ကြောင့်​ငါ​၏​စီ​ရင်​ချက် သည်​မှန်​ကန်​၏။- သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။- ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​၏။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​၏'' ဟု​မိန့်​တော် မူ​၏။ ထို​သူ​တို့​က ``သင့်​ခ​မည်း​တော်​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ့​ကို​လည်း ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း​မ​သိ ကြ။ အ​ကယ်​၍​သင်​တို့​ငါ့​ကို​သိ​ပါ​မူ​ငါ့ ခ​မည်း​တော်​ကို​လည်း​သိ​ကြ​မည်'' ဟု​ဖြေ ကြား​တော်​မူ​၏။ ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။

ရှင်ယောဟန် 8:12-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍“ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​တို့​က “သင်​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​နေ​၏။ သင်​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော်လည်း ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​၏။ အကြောင်းမူကား ငါ​သည် မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူကား ငါ​မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။ သင်​တို့​သည် လူ့​စံနှုန်း​အတိုင်း စီရင်​တတ်​ကြ​၏။ ငါ​မူကား မည်သူ့​ကို​မျှ​မ​စီရင်။ သို့သော် ငါ​စီရင်​မည်​ဆို​လျှင်​လည်း ငါ​တစ်ဦးတည်း​စီရင်​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​သည် ငါ​နှင့်အတူ​စီရင်​တော်မူ​သည်​ဖြစ်၍ ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် မှန်ကန်​၏။ သင်​တို့​၏​ပညတ်​တရား​ကျမ်း​၌​လည်း ‘သက်သေ​နှစ်​ဦး​ထွက်ဆို​သည့်​သက်သေခံ​ချက်​သည် အမှန်​ဖြစ်​၏’ဟု ရေး​ထား​၏။ ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော​သူ​ဖြစ်​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​သူ​တို့​က​လည်း “သင်​၏​ခမည်းတော်​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​ကြ​သော် ယေရှု​က“သင်​တို့​သည် ငါ့​ကို​လည်းကောင်း၊ ငါ့​ခမည်းတော်​ကို​လည်းကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​၌​သွန်သင်​တော်မူ​စဉ် ဤ​စကား​တို့​ကို အလှူခံ​သေတ္တာ​အနီး​တွင် မိန့်​တော်မူ​၏။ သို့ရာတွင် ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။