ရှင်ယောဟန် 8:10-11
ရှင်ယောဟန် 8:10-11 Judson Bible (JBMLE)
ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတစ်ပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။- ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 8:10-11 Common Language Bible (BCL)
သခင်ယေရှုသည်မော်၍ကြည့်တော်မူပြန် လျှင် ``အချင်းအမျိုးသမီး၊ ထိုသူတို့ကား အဘယ်မှာနည်း။ သင့်အားအပြစ်ဒဏ်စီရင် မည့်သူတစ်ယောက်မျှမရှိသလော'' ဟုမေး တော်မူ၏။ ထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။ သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။]
ရှင်ယောဟန် 8:10-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍“အသင်မိန်းမ၊ ထိုသူတို့အဘယ်မှာရှိကြသနည်း။ သင့်ကိုပြစ်ဒဏ်စီရင်သူ တစ်ယောက်မျှမရှိသလော”ဟု မေးတော်မူလျှင် ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန်အပြစ်မပြုနှင့်”ဟု မိန့်တော်မူ၏။]