YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 7:45-53

ရှင်ယောဟန် 7:45-53 Judson Bible (JBMLE)

ထို​အ​ခါ မင်း​လု​လင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဖာ​ရိ​ရှဲ​ထံ​သို့​ပြန်၍၊ ထို​မင်း​တို့​က၊ အ​ဘယ်​ကြောင့် သူ့​ကို​မ​ဆောင်​ခဲ့​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊- မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​တို့​ကို​ပင် လှည့်​ဖြား​ပြီ​လော။- မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။- တ​ရား​ကို​မ​သိ​သော ဤ​လူ​များ​တို့​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ဆို​ကြ၏။- အ​ထက်​က ည​အ​ခါ၌ အ​ထံ​တော်​သို့​လာ​သော သူ​တည်း​ဟူ​သော ထို​မင်း​များ​အ​ဝင်​ဖြစ်​သော နိ​ကော​ဒင်​က​လည်း၊- ငါ​တို့​တ​ရား​သည် လူ​ကို​မ​စစ်၊ သူ့​အ​မှု​ကို မ​သိ​မီ​က​ပင် ရှေ့​မ​ဆွ​က ဆုံး​ဖြတ်​တတ်​သ​လော​ဟု ဆို​လျှင်၊- သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊- ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အိမ်​သို့​သွား​ကြ၏။

ရှင်ယောဟန် 7:45-53 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် အစောင့်​တပ်သား​များ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​ထံသို့ ပြန်လာ​ကြ​ရာ ထို​အကြီးအကဲ​တို့​က “အဘယ်ကြောင့် သူ့​ကို​မ​ခေါ်ဆောင်​လာ​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။ ဖာရိရှဲ​တို့​က​လည်း “သင်​တို့​ပင်လျှင် လှည့်ဖြား​ခံရ​ကြ​ပြီ​လော။ အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။ သို့သော် ပညတ်​တရား​ကို​မ​သိ​သော ဤ​လူထု​ပရိသတ်​သည် ကျိန်​ခြင်း​ကို​ခံရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ ထို​သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်​ပြီး ယခင်​က​ကိုယ်တော်​ထံသို့​လာ​ခဲ့​ဖူး​သော နိကောဒင်​က “ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင် သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။ [ထို့နောက် သူ​တို့​သည် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​သွား​ကြ​၏။