YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:30-35

ရှင်ယောဟန် 6:30-35 Judson Bible (JBMLE)

ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။- ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊- သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။

ရှင်ယောဟန် 6:30-35 Common Language Bible (BCL)

ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။- ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။- ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။

ရှင်ယောဟန် 6:30-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။ ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မောရှေ​မ​ဟုတ်။ ငါ့​ခမည်းတော်​က​သာ ကောင်းကင်​မှ​စစ်မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​က “သခင်​ဘုရား၊ ထို​မုန့်​ကို အကျွန်ုပ်​တို့​အား အစဉ်​ပေး​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သည် အသက်​မုန့်​ဖြစ်​၏။ ငါ့​ထံသို့​လာ​သော​သူ​သည် မည်သည့်​အခါ​မျှ ဆာလောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံကြည်​သော​သူ​သည်​လည်း မည်သည့်​အခါ​မျှ​ရေငတ်​တော့မည်​မ​ဟုတ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။