ရှင်ယောဟန် 6:25-29
ရှင်ယောဟန် 6:25-29 Judson Bible (JBMLE)
အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:25-29 Common Language Bible (BCL)
အိုင်တစ်ဖက်ကမ်းတွင်ကိုယ်တော်ကိုတွေ့ကြသော အခါလူပရိသတ်က ``ဆရာတော်၊ ကိုယ်တော်သည် ဤအရပ်သို့အဘယ်အခါကကြွလာတော်မူ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့ငါ့ကိုရှာကြခြင်းမှာငါပြ သည့်နိမိတ်လက္ခဏာများ၏ အနက်အဋ္ဌိပ္ပါယ်ကို နားလည်ကြရ၍မဟုတ်။ အစားအစာကိုဝ အောင်စားကြရ၍ဖြစ်၏။- ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။ လူတို့က ``အကျွန်ုပ်တို့သည်ဘုရားသခင် အလိုတော်ရှိသည့်အရာကိုဆောင်ရွက်နိုင် ရန် အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး လျှောက်ကြ၏။ သခင်ယေရှုက ``ဘုရားသခင်အလိုတော်ရှိ သည့်အရာကား ကိုယ်တော်စေလွှတ်တော်မူသော သူကိုသင်တို့ယုံကြည်ကြစေရန်ပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 6:25-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။ ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။ သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။ ယေရှုက“ဘုရားသခင်၏အမှုတော်မှာ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။