YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:2-6

ရှင်ယောဟန် 6:2-6 Judson Bible (JBMLE)

အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။- ယေ​ရှု​သည်​တောင်​ပေါ်​သို့ တက်​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထိုင်​တော်​မူ၏။- ထို​အ​ခါ ယု​ဒ​လူ​တို့၏​ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လု​နီး​သ​တည်း။ ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။- ထို​သို့​မေး​တော်​မူ​သော်၊ မိ​မိ​အ​ဘယ်​သို့ ပြု​မည်​ကို​သိ​တော်​မူ​လျက်​ပင် ဖိ​လိ​ပ္ပု​ကို​စုံ​စမ်း​ခြင်း​ငှာ​သာ မေး​တော်​မူ၏။

ရှင်ယောဟန် 6:2-6 Common Language Bible (BCL)

သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။- ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။- သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။- (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။)

ရှင်ယောဟန် 6:2-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။ ယေရှု​သည် တောင်​ပေါ်သို့​တက်သွား​၍ ထို​အရပ်​၌ တပည့်​တော်​တို့​နှင့်အတူ​ထိုင်​တော်မူ​၏။ ထိုအချိန်​သည် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ပသခါ​ပွဲတော်​နီးကပ်​သည့်​အချိန်​ဖြစ်​၏။ ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား“ဤ​သူ​တို့​စား​ရန် မုန့်​ကို အဘယ်က​ဝယ်​ကြ​မည်နည်း”​ဟု မေး​တော်မူ​၏။ ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။