ရှင်ယောဟန် 4:27-54
ရှင်ယောဟန် 4:27-54 Judson Bible (JBMLE)
ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊- အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။- မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊- သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။- ထိုကြောင့်တပည့်တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေးမြန်းကြလျှင်၊- ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။- ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။- စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။- တစ်ဦးကား ပျိုးကြဲ၏။ တစ်ဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။- သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှာ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။- ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊- ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏။- ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။- ရေကို စပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။- ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊- သခင်၊ အကျွန်ုပ်သားမသေမီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။- ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။- လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသော အချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။- ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။
ရှင်ယောဟန် 4:27-54 Common Language Bible (BCL)
ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။ အမျိုးသမီးသည်ရေအိုးကိုထားခဲ့၍မြို့ ထဲသို့သွားပြီးလျှင်၊- ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။- သို့ဖြစ်၍လူတို့သည်မြို့ထဲမှထွက်၍ ကိုယ်တော်၏ထံသို့လာကြ၏။ ဤအတောအတွင်း၌တပည့်တော်တို့က ``အရှင် ဘုရား၊ အစားအစာသုံးဆောင်တော်မူပါ'' ဟု လျှောက်ထားတောင်းပန်ကြ၏။ ကိုယ်တော်က ``သင်တို့မသိကြသည့်အစား အစာကိုငါသုံးဆောင်ပြီးပြီ'' ဟုမိန့်တော် မူ၏။- ထို့ကြောင့်တပည့်တော်တို့သည် ``ကိုယ်တော်အား အစားအစာဆက်ကပ်သူတစ်စုံတစ်ယောက်ရှိ လေပြီလော'' ဟုအချင်းချင်းမေးမြန်းကြ၏။ ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။- နောက်လေးလမျှကြာလျှင်ကောက်ရိတ်ချိန် ရောက်လိမ့်မည်ဟု သင်တို့ဆိုတတ်ကြသည် မဟုတ်လော။ သင်တို့အားငါဆိုသည်ကား လယ်ပြင်တို့ကိုမျှော်ကြည့်လော့။ ရိတ်သိမ်း ရန်သီးနှံတို့သည်မှည့်ဝင်းလျက်ရှိပေပြီ။- ရိတ်သူသည်အခကိုခံယူ၍ထာဝရအသက် ဆိုင်ရာသီးနှံများကိုရိတ်သိမ်း၏။ သို့ဖြစ်၍ စိုက်သူနှင့်ရိတ်သူတို့သည် အတူတကွရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။- `တစ်ဦးကားစိုက်၍နောက်တစ်ဦးကားရိတ်ရ၏' ဟူသောဆိုရိုးစကားသည်မှန်ကန်လျက်နေ သတည်း။- သင်တို့မစိုက်မပျိုးသည့်လယ်မှအသီး အနှံများကိုရိတ်သိမ်းရန်သင်တို့အားငါ စေလွှတ်၏။ အခြားသောသူတို့ကစိုက်ပျိုး လုပ်ဆောင်ကြ၍ သင်တို့ကအကျိုးကိုခံစား ကြရ၏'' ဟုမိန့်တော်မူ၏။ ရှမာရိအမျိုးသမီးက ``ဤသူသည်ကျွန်မ ပြုခဲ့သမျှသောအမှုအရာများကိုပြော ပြပါ၏။'' ဟုဆိုသဖြင့်ထိုမြို့ရှိရှမာရိ အမျိုးသားအမြောက်အမြားပင်သခင်ယေရှု အားယုံကြည်လာကြ၏။- သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။ ကိုယ်တော်၏တရားတော်ကိုကြားနာကြရ သဖြင့် ကိုယ်တော်အားယုံကြည်လာကြသူ အမြောက်အမြားလည်းရှိ၏။- ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။ ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။- ရောက်တော်မူလျှင်ဂါလိလဲပြည်သားတို့ သည်ကိုယ်တော်အားကြိုဆိုလက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော်ယေရုရှလင်မြို့ တွင်ကျင်းပခဲ့သည့်ပသခါပွဲတော်သို့ သူ တို့ကိုယ်တိုင်ရောက်ခဲ့ကြ၍ ထိုပွဲတော်အတွင်း ၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာ အပေါင်းကိုတွေ့မြင်ခဲ့ကြသောကြောင့်တည်း။ ထိုနောက်ကိုယ်တော်သည်ရေကိုစပျစ်ရည်ဖြစ် စေတော်မူခဲ့ရာ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုမြို့၌အစိုးရအရာ ရှိတစ်ဦးရှိ၏။ သူ၏သားသည်ကပေရနောင် မြို့တွင်ဖျားနာလျက်နေ၏။- ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။- သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။ အရာရှိက ``အရှင်၊ အကျွန်ုပ်၏သားမသေမီ ကြွတော်မူပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``သွားလော့။ သင့်သားသည် အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုသူသည်သခင်ယေရှုမိန့်တော်မူသည့် စကားကိုယုံကြည်လျက်ထွက်သွား၏။- သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။ ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။- ထိုအခါဖခင်ဖြစ်သူသည်ထိုအချိန်ကား `သင့်သားသည်အသက်ရှင်လိမ့်မည်' ဟုသခင် ယေရှုမိန့်တော်မူသောအချိန်ပင်ဖြစ်ကြောင်း ကိုသတိရလေသည်။ သို့ဖြစ်၍သူနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့သည်ကိုယ်တော် အားယုံကြည်လာကြ၏။ ဤကားယုဒပြည်မှဂါလိလဲပြည်သို့သခင် ယေရှုကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြတော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာဖြစ် သတည်း။
ရှင်ယောဟန် 4:27-54 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် “မည်သည့်အလိုရှိတော်မူသနည်း”ဟူ၍လည်းကောင်း၊ “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း”ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။ ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင် “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့် လူတို့သည် မြို့ထဲမှထွက်၍ ကိုယ်တော်ထံသို့လာကြ၏။ ထိုအချိန်အတောအတွင်း၌ တပည့်တော်တို့က “ရဗ္ဗိ၊ သုံးဆောင်တော်မူပါ”ဟု ကိုယ်တော်အားပန်ကြားကြ၏။ သို့သော် ကိုယ်တော်က“ငါ၌ သင်တို့မသိသောစားစရာရှိ၏”ဟု မိန့်တော်မူ၏။ ထို့ကြောင့် တပည့်တော်တို့က “တစ်စုံတစ်ယောက်သည် ကိုယ်တော်အား စားစရာကိုယူလာပေးပြီလော”ဟု အချင်းချင်းပြောဆိုကြ၏။ ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။ သင်တို့က ‘ရိတ်သိမ်းချိန်ရောက်ရန် လေးလလိုသေး၏’ဟု ဆိုကြသည်မဟုတ်လော။ ငါဆိုသည်ကား လယ်ပြင်တို့ကို မျှော်ကြည့်ကြလော့။ ရိတ်သိမ်းရန်အသင့်ရှိလျက် ဝင်းမှည့်နေပြီ။ မျိုးကြဲသောသူနှင့်ရိတ်သိမ်းသောသူသည် အတူတကွဝမ်းမြောက်ကြမည့်အကြောင်း ရိတ်သိမ်းသောသူသည် ဆုလာဘ်ကိုရရှိလျက် ထာဝရအသက်အတွက် အသီးအနှံကိုစုသိမ်းနှင့်ပြီ။ ထို့ကြောင့် ‘တစ်ဦးက မျိုးကြဲလျက် အခြားတစ်ဦးက ရိတ်သိမ်း၏’ဟူသောဆိုရိုးစကားသည် ဤနေရာ၌ မှန်ကန်၏။ သင်တို့လုပ်အားမစိုက်ခဲ့သောအရာကို ရိတ်သိမ်းရန် သင်တို့အား ငါစေလွှတ်၏။ အခြားသောသူတို့သည် လုပ်အားစိုက်ခဲ့၍ သင်တို့သည် ထိုသူတို့၏အားစိုက်မှုရလဒ်၌ ပါဝင်ရကြ၏”ဟု မိန့်တော်မူ၏။ “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ထိုသူထုတ်ဖော်ပြောဆိုခဲ့သည်”ဟု သက်သေခံသောရှမာရိအမျိုးသမီး၏စကားကြောင့် ထိုမြို့မှရှမာရိနယ်သားများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ သို့ဖြစ်၍ ရှမာရိနယ်သားတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ မိမိတို့ထံ၌ တည်းခိုတော်မူရန် ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်တွင် နှစ်ရက်တည်းခိုတော်မူ၏။ ထိုအခါ ပို၍များစွာသောသူတို့သည် ကိုယ်တော်၏စကားတော်ကြောင့် ယုံကြည်ကြ၏။ သူတို့က ထိုအမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင်ပြောဆိုသောစကားကြောင့်မဟုတ်တော့ပါ။ ငါတို့ကိုယ်တိုင်ကြားနာရသဖြင့် ဤသူသည် လောက၏ကယ်တင်ရှင်အစစ်အမှန်ဖြစ်ကြောင်းကို သိကြပြီ”ဟု ဆိုကြ၏။ နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။ ပရောဖက်သည် မိမိ၏နေရင်းမြို့၌ ဂုဏ်သရေမရှိကြောင်း ယေရှုကိုယ်တိုင်သက်သေခံတော်မူ၏။ ဂါလိလဲနယ်သို့ရောက်တော်မူသောအခါ ဂါလိလဲနယ်သားတို့သည် ကိုယ်တော်ကိုကြိုဆိုလက်ခံကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားရောက်ခဲ့၍ ပွဲတော်ကာလအတွင်း ဂျေရုဆလင်မြို့၌ ကိုယ်တော်ပြုတော်မူသောအမှုအရာအားလုံးတို့ကို မြင်ခဲ့ကြ၏။ ထို့နောက် ယေရှုသည် ရေကိုစပျစ်ဝိုင်ဖြစ်စေခဲ့ရာ ဂါလိလဲနယ်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ၌ ကပေရနောင်မြို့တွင် မှူးမတ်တစ်ဦးရှိ၍ သူ့သားသည် နာမကျန်းဖြစ်နေ၏။ ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။ ယေရှုကလည်း“သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။ ထိုမှူးမတ်က “သခင်ဘုရား၊ အကျွန်ုပ်၏သားမသေမီ ကြွလာတော်မူပါ”ဟု လျှောက်လေ၏။ ယေရှုကလည်း“သွားလော့။ သင်၏သား အသက်ချမ်းသာရာရပြီ”ဟု မိန့်တော်မူ၏။ ထိုမှူးမတ်သည် မိမိအား ယေရှုမိန့်တော်မူသောစကားကိုယုံကြည်၍ ပြန်သွားလေ၏။ အပြန်လမ်းတွင် သူ၏အစေအပါးတို့သည် သူ့ကိုဆီးကြိုလျက် သူ့သားအသက်ချမ်းသာရာရပြီဖြစ်ကြောင်း ပြောကြားကြ၏။ ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။ ထိုအချိန်သည်“သင်၏သား အသက်ချမ်းသာရာရပြီ”ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို ဖခင်သိသဖြင့် သူကိုယ်တိုင်မှစ၍ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ကြ၏။ ဤသည်ကား ယုဒနယ်မှ ဂါလိလဲနယ်ထဲသို့ ယေရှုကြွလာတော်မူပြီးနောက် ထပ်မံ၍ပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်၏။