YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 3:3-8

ရှင်ယောဟန် 3:3-8 Judson Bible (JBMLE)

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။- နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။- လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 3:3-8 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။ နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။- အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။- တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။- လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 3:3-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။ ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​မ​ဝင်​နိုင်။ အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။ ‘သင်​တို့​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သောကြောင့် မ​အံ့သြ​နှင့်။ လေ​သည် အလိုရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အသံ​ကို​ကြား​ရ​သော်လည်း မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​သူ​တိုင်း​လည်း ထိုနည်းတူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။