ရှင်ယောဟန် 20:19-23
ရှင်ယောဟန် 20:19-23 Judson Bible (JBMLE)
ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။- တစ်ဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊- ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။- အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 20:19-23 Common Language Bible (BCL)
တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။- သို့မိန့်တော်မူပြီးနောက်ကိုယ်တော်၏လက်တော် များနှင့်နံတော်ကိုတပည့်တော်တို့အားပြ တော်မူ၏။ တပည့်တော်တို့သည်သခင်ဘုရား ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ကြ၏။- ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။- ဤသို့မိန့်တော်မူပြီးလျှင်ကိုယ်တော်သည် တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် ``သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြ လော့။- သင်တို့သည်လူတို့၏အပြစ်များကိုဖြေလွှတ် လျှင်သူတို့သည်အပြစ်လွတ်ကြလိမ့်မည်။ သင် တို့မဖြေမလွှတ်လျှင်မူကားသူတို့အပြစ် ပြေလွတ်ကြလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
ရှင်ယောဟန် 20:19-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကိုကြောက်သဖြင့် မိမိတို့ရှိရာနေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် လက်တော်နှင့်နံဘေးတော်တို့ကို သူတို့အားပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကိုမြင်ရသောအခါ ဝမ်းမြောက်ကြ၏။ တစ်ဖန် ယေရှုက“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက်“သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြလော့။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏”ဟု မိန့်တော်မူ၏။