YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 20:19-22

ရှင်ယောဟန် 20:19-22 Judson Bible (JBMLE)

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။- တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။

ရှင်ယောဟန် 20:19-22 Common Language Bible (BCL)

တ​ပည့်​တော်​တို့​သည်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို ကြောက်​သ​ဖြင့်​တ​နင်္ဂ​နွေ​နေ့​ည​ဦး​အ​ချိန်​၌ အိမ်​တံ​ခါး​ပိတ်​၍​စု​ဝေး​နေ​ကြ​၏။ ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။- သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။- ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။- ဤ​သို့​မိန့်​တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အ​ပေါ်​သို့​မှုတ်​တော်​မူ​လျက် ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ကြ လော့။

ရှင်ယောဟန် 20:19-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရက်သတ္တပတ်​တွင် ပထမ​နေ့​ဖြစ်​သော ထို​နေ့​၏​ညနေချမ်း​အချိန်​တွင် တပည့်​တော်​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သဖြင့် မိမိ​တို့​ရှိ​ရာ​နေရာ​၌ တံခါး​များ​ကို​ပိတ်​ထား​လျက်​နေ​ကြ​ရာ ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင်“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် လက်​တော်​နှင့်​နံဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​သောအခါ ဝမ်းမြောက်​ကြ​၏။ တစ်ဖန် ယေရှု​က“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​အပေါ်​မှုတ်​တော်မူ​လျက်“သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​လော့။