YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:1-37

ရှင်ယောဟန် 19:1-37 Judson Bible (JBMLE)

ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ယူ၍​ရိုက်​ပြီး​မှ၊- စစ်​သူ​ရဲ​တို့​သည် ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို ခေါင်း​တော်၌​တင်၍၊ နီ​မောင်း​သော​ဝတ်​လုံ​နှင့် ခြုံ​စေ​ပြီး​လျှင်၊- ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု​ဆို၍ ရိုက်​ပုတ်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။- ထို​အ​ခါ ယေ​ရှု​သည် ဆူး​ပင်​ဦး​ရစ်​နှင့် နီး​မောင်း​သော​ဝတ်​လုံ​တို့​ကို ဝတ်​လျက် ပြင်​သို့​ထွက်​ကြွ​တော်​မူ၏။ ပိ​လတ်​မင်း​က​လည်း သူ့​ကို​ကြည့်​ကြ​လော့​ဟု ဆို၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လု​လင်​များ​တို့​က၊ ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့​သည် သူ့​ကို​ယူ၍ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ။ ငါ​သည် သူ၌​အ​ပြစ်​ကို မ​တွေ့​ဟု​ဆို​လျှင်၊- ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည်​သာ၍ ကြောက်​သ​ဖြင့်၊ အိမ်​တော်​ဦး​ထဲ​သို့ ဝင်​ပြန်၍၊- ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊- ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊- အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ​မှ​စ၍ ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွှတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ယု​ဒ​လူ​တို့​က​လည်း၊ ထို​သူ​ကို​လွှတ်​လျှင် ကိုယ်​တော်​သည် ကဲ​သာ​ဘု​ရင်၏​အ​ဆွေ မ​ဟုတ်​ပါ။ ရှင်​ဘု​ရင်​လုပ်​သော​သူ​မည်​သည်​ကား၊ ကဲ​သာ​ဘု​ရင်၏​ရန်​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။- ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊- ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။- ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ထို​သူ​တို့​လက်​သို့ အပ်​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်​ကို​ယူ၍ ထုတ်​သွား​ကြ၏။ ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။- ထို​အ​ရပ်၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ယောက်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ ထို​သူ​နှစ်​ယောက်​အ​လယ်​မှာ ယေ​ရှု​သည် နေ​ရာ​ကျ​သ​တည်း။- ပိ​လတ်​မင်း​သည်​လည်း က​မ္ပည်း​လိပ်​စာ​ကို​ရေး၍ လက်​ဝါး​ကပ်​တိုင်​တော်၌ တပ်​လေ၏။ လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဟု ရေး​ထား​သ​တည်း။- ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။- ထို​ကြောင့် ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု မ​ရေး​ပါ​နှင့်။ ငါ​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု သူ​ဆို​ကြောင်း​ကို ရေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ ငါ​ရေး​ပြီး​သော​အ​ရာ​ကို ငါ​ရေး​ပြီ​ဟု ပြန်​ဆို၏။ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်၌ ရိုက်​ထား​ပြီး​မှ၊ အ​ဝတ်​တော်​တို့​ကို လေး​ပိုင်း​ပိုင်း၍ တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​ကြ​လေ၏။ အ​တွင်း​အင်္ကျီ​တော်​ကား၊ မ​ချုပ်​ဘဲ​လျက် အ​ထက်​စွန်း​မှ​သည် အောက်​စွန်း​တိုင်​အောင် ရက်​သော​အင်္ကျီ​ဖြစ်​သော​ကြောင့်၊- ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။ ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။- ထို​အ​ခါ မယ်​တော်​နှင့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ မယ်​တော်​အား၊ အ​ချင်း​မိန်း​မ၊ သင်၏​သား​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း၊- တ​ပည့်​တော်​အား​လည်း၊ သင်၏​အ​မိ​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ ထို​အ​ခါ​မှ​စ၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်၌ သိမ်း​ထား၏။ ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။- ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။ ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။- ထို​အ​ခါ​စစ်​သူ​ရဲ​တို့​သည် သွား၍ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​နှစ်​ယောက်​တို့၏ ခြေ​ကို​ချိုး​လေ၏။- ယေ​ရှု​ထံ​သို့​ရောက်၍ အ​သက်​မ​ရှိ​ကြောင်း​ကို​မြင်​လျှင် ခြေ​ကို​မ​ချိုး​ဘဲ၊- စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။- ထို​အ​ကြောင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ၏။ သူ၏​သက်​သေ​ခံ​ချက်​သည်​လည်း မှန်​ပေ၏။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊ သူ​ပြော​သော​စ​ကား​မှန်​သည်​ကို သူ​သိ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။- တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော​သူ​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်​ဟု လာ၏။

ရှင်ယောဟန် 19:1-37 Common Language Bible (BCL)

ထို​နောက်​ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို ခေါ်​သွား​စေ​ပြီး​လျှင်​ကြိမ်​ဒဏ်​ခတ်​စေ​၏။- စစ်​သား​များ​သည်​ဆူး​ခက်​ဖြင့်​ရက်​သော​ဦး​ရစ် သ​ရ​ဖူ​ကို​ပြု​လုပ်​၍ ဦး​ခေါင်း​တော်​ကို​ဆောင်း ပေး​ကြ​၏။ ထို​နောက်​နီ​မောင်း​သော​ဝတ်​လုံ​ကို ကိုယ်​တော်​အား​ဝတ်​ပေး​ပြီး​လျှင်၊- အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ယု​ဒ​ရှင်​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ဆို​၍​ပါး​တော် ကို​ရိုက်​ကြ​၏။ ပိ​လတ်​မင်း​သည်​အ​ပြင်​သို့​တစ်​ဖန်​ထွက်​ပြီး လျှင်​ပ​ရိ​သတ်​တို့​အား ``ထို​သူ​ကို​သေ​ဒဏ်​ပေး နိုင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့ ကြောင်း သင်​တို့​သိ​ရှိ​ကြ​စေ​ရန်​သူ့​အား​သင် တို့​ထံ​သို့​ငါ​ထုတ်​ခဲ့​မည်'' ဟု​ဆို​၏။- သ​ခင်​ယေ​ရှု​သည်​လည်း​ဆူး​ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​လျက်​နီ​မောင်း​သော​ဝတ်​လုံ​ကို​ဝတ်​ဆင် ကာ အ​ပြင်​သို့​ထွက်​ကြွ​တော်​မူ​၏။ ပိ​လတ်​မင်း က ``ကြည့်​ကြ​လော့၊ ဤ​သူ​ပင်​ဖြစ်​သည်'' ဟု ဆို​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​စောင့်​တပ်​သား များ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ``သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ။ သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​ပင်​သူ့​ကို​ခေါ်​ဆောင် ပြီး​လျှင်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် ကြ​လော့။ သူ့​ကို​သေ​ဒဏ်​ပေး​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ဆို​၏။- လူ​ထု​က ``ထို​သူ​သည်​မိမိ​ကိုယ်​ကို​ဘု​ရား သ​ခင်​၏​သား​တော်​ဟု​ဆို​သော​ကြောင့် သေ​ဒဏ် ခံ​ထိုက်​ကြောင်း အ​ကျွန်ုပ်​တို့​တ​ရား​ဥ​ပ​ဒေ က​ဆို​ပါ​သည်'' ဟု​ပြန်​၍​ဖြေ​ကြား​၏။ ထို​သူ​တို့​၏​စ​ကား​ကို​ကြား​လျှင်​ပိ​လတ် မင်း​သည်​ပို​၍​ပင်​ကြောက်​လန့်​လာ​၏။- သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။- ပိ​လတ်​မင်း​က ``သင်​သည်​ငါ​နှင့်​စကား​ပြော ရန်​ငြင်း​ဆန်​နေ​ပါ​သ​လော။ ငါ​သည်​သင့်​ကို လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပိုင်​သည်​ကို​လည်း ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပိုင် သည်​ကို​လည်း​ကောင်း​သင်​မ​သိ​ပါ​သ​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။- ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ရန် နည်း​လမ်း​ရှာ​ကြံ​လေ​တော့​၏။ သို့​ရာ​တွင်​လူ ထု​က ``ထို​သူ​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ပါ​မူ​အ​ရှင်​မင်း​ကြီး​သည်​ဧ​က​ရာဇ်​မင်း​၏ အ​ဆွေ​တော်​မ​ဟုတ်​တော့​ပြီ။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို​ရှင်​ဘု​ရင်​ဟု​ဆို​သူ​သည် ဧ​က​ရာဇ်​မင်း​ကို​ပုန်​ကန်​သူ​ဖြစ်​ပါ​၏'' ဟု ဟစ်​အော်​ကြ​၏။ ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)- ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။ ထို​သူ​တို့​က ``သူ့​ကို​သတ်​ပါ၊ သူ့​ကို​သတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ပြန်​၍​ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​လို သ​လော'' ဟု​မေး​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``အ​ကျွန်ုပ်​တို့ မှာ​ဧ​က​ရာဇ်​မင်း​မှ​တစ်​ပါး​အ​ခြား​ရှင် ဘု​ရင်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​ကြ​၏။ ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။- ကိုယ်​တော်​သည်​ဦး​ခေါင်း​ခွံ​ဟု​နာ​မည်​တွင်​သော အ​ရပ်​သို့​မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း လျက်​ကြွ​တော်​မူ​၏။ (ထို​အ​ရပ်​ကို​ဟေ​ဗြဲ ဘာ​သာ​အား​ဖြင့် ``ဂေါ​လ​ဂေါ​သ'' ဟု​ခေါ် သ​တည်း။)- ထို​အ​ရပ်​မှာ​ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​အ​ခြား သူ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော်​၏​လက်​ယာ ဘက်​တွင်​တစ်​ယောက် လက်​ဝဲ​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​ကို​မူ​ကား​အ​လယ်​တွင်​ထား သ​တည်း။- ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။- သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​သည့်​အ​ရပ်​မှာ​မြို့​နှင့်​နီး​ကပ်​သ​ဖြင့် လူ​အ​များ​ပင်​ထို​ကမ္ပည်း​လိပ်​စာ​ကို​ဖတ် ကြည့်​ကြ​၏။ ကမ္ပည်း​လိပ်စာ​ကို​ယု​ဒ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့်​ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​သား​ထား​သည်။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``ယု​ဒ​ဘု​ရင် ဟူ​၍​ရေး​တော်​မ​မူ​ပါ​နှင့်။ `ဤ​သူ​က​ငါ သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု​ဆို​သည်' ဟူ​၍​သာ​ရေး​တော်​မူ​ပါ'' ဟု​ပိ​လတ်​မင်း အား​လျှောက်​ထား​ကြ​၏။ ပိ​လတ်​မင်း​က ``ငါ​ရေး​ပြီး​သည့်​အ​တိုင်း အ​တည်​ဖြစ်​စေ​ရ​မည်'' ဟု​ပြန်​ပြော​၏။ စစ်​သား​တို့​သည်​သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​ကြ​ပြီး​သော​အ​ခါ ကိုယ်​တော်​၏ အဝတ်​တော်​တို့​ကို​လေး​ပိုင်း​ပိုင်း​၍​တစ်​ယောက် တစ်​ပိုင်း​စီ​ယူ​ကြ​၏။ သူ​တို့​သည်​အ​ထဲ​ခံ အင်္ကျီ​ကို​လည်း​ယူ​ကြ​၏။ သို့​ရာ​တွင်​ထို​အင်္ကျီ မှာ​ချုပ်​ရိုး​မဲ့​ရက်​လုပ်​ထား​သည်​ဖြစ်​၍၊- စစ်​သား​များ​က ``ဤ​အင်္ကျီ​ကို​မ​ဆုတ်​ကြ နှင့်။ မဲ​ချ​၍​ယူ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း အ​ချင်း​ပြော​ဆို​ကြ​၏။ ဤ​စစ်​သား​များ ပြု​မူ​ကြ​ခြင်း​မှာ​ကျမ်း​စာ​တော်​တွင် ``ထို​သူ​တို့​သည်​ငါ​၏​အ​ဝတ်​များ​ကို​ခွဲ​ဝေ ယူ​ကြ​၏။ ငါ​၏​အင်္ကျီ​ကို​မဲ​ချ​ယူ​ကြ​၏'' ဟု​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပင်​တည်း။- ထို​အ​ခါ​ကိုယ်​တော်​၏​မယ်​တော်​နှင့်​မယ်​တော် ၏​ညီ​မ​သည်​လည်း​ကောင်း၊ က​လော​ဖ​၏​ဇ​နီး ဖြစ်​သူ​မာ​ရိ​နှင့်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ သည်​လည်း​ကောင်း သ​ခင်​ယေ​ရှု​၏​လက်​ဝါး ကပ်​တိုင်​အ​နီး​တွင်​ရပ်​လျက်​နေ​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မယ်​တော်​နှင့်​မယ်​တော်​၏ အ​နီး​တွင်​ကိုယ်​တော်​ချစ်​တော်​မူ​သော​တ​ပည့် တော်​ရပ်​လျက်​နေ​သည်​ကို​တွေ့​မြင်​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​က ``မယ်​တော်၊ ဤ​မှာ မယ်​တော်​၏​သား'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​နောက်​တ​ပည့်​တော်​အား ``ဤ​မှာ​သင်​၏ အ​မိ'' ဟု​မိန့်​မြွက်​တော်​မူ​၏။ ထို​အ​ခါ​မှ စ​၍​ထို​တ​ပည့်​တော်​သည်​မယ်​တော်​အား မိ​မိ​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက်​ထား​လေ သည်။ ထို​အ​ချိန်​၌​အ​မှု​ခပ်​သိမ်း​ပြီး​စီး​ပြီ​ဖြစ် ကြောင်း​ကို​သ​ခင်​ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် ကျမ်း​စာ​တော်​လာ​သည်​အ​တိုင်း​ဖြစ်​ပျက် စေ​ရန်​ကိုယ်​တော်​က ``ငါ​ရေ​ငတ်​သည်'' ဟု မိန့်​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။ ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။- ထို့​ကြောင့်​စစ်​သား​များ​သည်​လာ​၍​သ​ခင်​ယေ​ရှု နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင်​ခံ​ရ​သော ပ​ထ​မ​လူ​၏​ခြေ​များ​ကို​ချိုး​ပြီး​လျှင် အ​ခြား တစ်​ယောက်​၏​ခြေ​များ​ကို​လည်း​ချိုး​ကြ​၏။- ကိုယ်​တော်​ထံ​သို့​ရောက်​ကြ​သော​အ​ခါ​အ​သက် ချုပ်​တော်​မူ​ပြီး​ကြောင်း​ကို​တွေ့​ရှိ​သ​ဖြင့် ခြေ တော်​တို့​ကို​မ​ချိုး​ကြ​တော့​ချေ။- သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။- (ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​သည်​လည်း​ယုံ ကြည်​ကြ​စေ​ရန်​မျက်​မြင်​သက်​သေ​တစ်​ဦး က​ဖော်​ပြ​ပါ​၏။ ထို​သူ​၏​ဖော်​ပြ​ချက်​သည် မှန်​ကန်​ပါ​၏။ ထို​သူ​ကိုယ်​တိုင်​ပင်​မိ​မိ​စ​ကား မှန်​ကန်​ကြောင်း​ကို​သိ​ပါ​၏။)- ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။- အ​ခြား​ကျမ်း​စာ​တစ်​ပုဒ်​တွင်​လည်း ``ထို​သူ တို့​သည်​မိ​မိ​လှံ​ဖြင့်​ထိုး​ဖောက်​သော​သူ​ကို ရှု​ကြည့်​ကြ​ရ​လိမ့်​မည်'' ဟု​ပါ​ရှိ​သေး​၏။

ရှင်ယောဟန် 19:1-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို​ထုတ်ဆောင်​၍ ဒဏ်ခတ်​ရိုက်နှက်​စေ​၏။ စစ်သား​တို့​သည်​လည်း ဆူးပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်​စေ​ပြီးလျှင် ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ဆို​ပြီး ကိုယ်တော်​ကို​ရိုက်ပုတ်​ကြ​၏။ ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။ ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့် အစောင့်​တပ်သား​တို့​သည် ကိုယ်တော်​ကို​မြင်​သောအခါ “လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ မ​တွေ့​သောကြောင့် သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ ပညတ်​တရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိမိကိုယ်ကို ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေညာ​သောကြောင့် ထို​ပညတ်​တရား​အရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​ရ​သောအခါ ပို၍​ကြောက်​လာ​သဖြင့် ရုံးတော်​ထဲသို့​ပြန်​ဝင်​ကာ ယေရှု​အား “သင်​သည် မည်သည့်​အရပ်​မှ​လာ​သနည်း”​ဟု မေး​လေ​၏။ သို့သော် ယေရှု​သည် တစ်ခွန်း​မျှ ဖြေကြား​တော်​မ​မူ။ သို့ဖြစ်၍ ပိလတ်​မင်း​က “သင်​သည် ငါ့​ကို​စကား​မ​ပြော​ဘဲ​နေ​သလော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အခွင့်​အာဏာ​ရှိ​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​နိုင်​သော အခွင့်​အာဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သလော”​ဟု ဆို​၏။ ယေရှု​က“အထက်​အရပ်​မှ​ပေးအပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အပေါ် မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ ထို့ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော​သူ​၌ ပို၍​ကြီးလေး​သော​အပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုအခါ​မှစ၍ ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​ပေး​ရန် ကြိုးစား​ရှာကြံ​၏။ သို့ရာတွင် ဂျူး​လူမျိုး​တို့​က “အရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီဇာ​ဧကရာဇ်​၏​ဘက်တော်သား​မ​ဟုတ်​ပါ။ မိမိကိုယ်ကို​ဘုရင်​ဖြစ်​သည်​ဟု ကြေညာ​သော​သူ​အားလုံး​သည် ဆီဇာ​ဧကရာဇ်​ကို​ဆန့်ကျင်​ပြောဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။ ထို​နေ့​သည် ပသခါ​ပွဲတော်​အတွက် ပြင်ဆင်​ရာ​နေ့​ဖြစ်​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ရှိ​၏။ ပိလတ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘုရင်​ပေတည်း”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​က “သုတ်သင်​လိုက်​ပါ၊ သုတ်သင်​လိုက်​ပါ၊ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “သင်​တို့​၏​ဘုရင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​က “အကျွန်ုပ်​တို့​တွင် ဆီဇာ​ဧကရာဇ်​မှလွဲ၍ အခြား​ဘုရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​စေရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​လျက် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်​သော​နေရာ​သို့ ထွက်သွား​တော်မူ​၏။ (ထို​အရပ်​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂေါလဂေါသ​ဟု​ခေါ်​သည်။) သူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို အခြား​သော​သူ​နှစ်​ဦး​တို့​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​၏။ ယေရှု​ကို​အလယ်​၌​ထား​၍ ထို​သူ​နှစ်​ဦး​တို့​ကို ကိုယ်တော်​၏​တစ်ဖက်တစ်ချက်စီ​၌​ထား​ကြ​၏။ ပိလတ်​မင်း​သည် ကမ္ပည်း​ကို​လည်း ရေး​ထိုး​၍ လက်ဝါးကပ်တိုင်​ပေါ်မှာ​တပ်​ထား​၏။ ထို​ကမ္ပည်း​တွင် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ နာဇရက်​မြို့သား​ယေရှု”​ဟု ရေး​ထား​၏။ ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သော​အရပ်​သည် မြို့​နှင့်​နီး​သည့်​အပြင် ထို​ကမ္ပည်း​ကို ဟေဗြဲ​ဘာသာ၊ လက်တင်​ဘာသာ​နှင့် ဂရိ​ဘာသာ​တို့​ဖြင့် ရေး​ထား​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ၎င်း​ကို​ဖတ်​ကြ​၏။ ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​က “ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဟု မ​ရေး​ဘဲ ဤ​သူ​က ငါ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​သည်​ဟု​ဆို​ခဲ့​၏​ဟူ၍ ရေး​ပေး​ပါ”​ဟု ပိလတ်​မင်း​အား လျှောက်ထား​ကြ​၏။ ပိလတ်​မင်း​က​လည်း “ငါ​ရေး​ပြီး​သည့်​အတိုင်း ငါ​ရေး​ပြီ”​ဟု ပြန်​ပြော​လေ​၏။ စစ်သား​တို့​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​ပြီး​သောအခါ ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို လေး​ပိုင်း​ပိုင်း​၍ တစ်​ယောက်​တစ်​ပိုင်း​စီ​ယူ​ကြ​၏။ အတွင်း​အဝတ်​တော်​ကို​လည်း​ယူ​ကြ​ရာ ၎င်း​သည် ချုပ်ရိုး​မ​ရှိ​ဘဲ အထက်စွန်း​မှ တစ်ထည်​လုံး​ကို တစ်ဆက်​တည်း​ရက်​ထား​သည့် အဝတ်​ဖြစ်​သောကြောင့် “ဤ​အဝတ်​ကို​မ​ဆုတ်​ဘဲ မည်သူ​ရ​မည်​ကို မဲချ​ကြ​စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ စစ်သား​တို့ ဤသို့​ပြု​ကြ​ခြင်း​မှာ “သူ​တို့​သည် အကျွန်ုပ်​၏​ဝတ်ရုံ​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​အဝတ်​အတွက် မဲ​ချ​ကြ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ ယေရှု​၏​လက်ဝါးကပ်တိုင်​တော်​အနီး​၌​ကား ယေရှု​၏​မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလ​မြို့သူ​မာရိ​တို့​သည် ရပ်​နေ​ကြ​၏။ ယေရှု​သည် အနီး​၌​ရပ်​နေ​သည့် ချစ်​တော်မူ​သော​တပည့်​တော်​နှင့် မယ်တော်​ကို မြင်​တော်မူ​လျှင် မယ်တော်​အား“အသင်​အမျိုးသမီး၊ ကြည့်​လော့။ သင်​၏​သား​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​တပည့်​တော်​အား“ကြည့်​လော့။ သင်​၏​အမိ​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​တပည့်​တော်​သည် မယ်တော်​ကို မိမိ​အိမ်​၌​ခေါ်​ထား​လေ​၏။ ထို့နောက် ယေရှု​သည် အမှု​အလုံးစုံ​ပြီးစီး​ပြီ​ဖြစ်​ကြောင်း သိ​တော်မူ​၍ ကျမ်းစာ​ကို​ပြည့်စုံ​စေရန်“ငါ​ရေငတ်​သည်”​ဟု မိန့်​တော်မူ​၏။ ထို​အရပ်​၌ ဝိုင်ချဉ်​အပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထားရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်ချဉ်​ဝ​နေ​သော​ရေမြှုပ်​ကို ဟုဿုပ်​ရိုးတံ​အဖျား​၌​တပ်​လျက် နှုတ်ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။ ထိုသို့ ဝိုင်ချဉ်​ကို​ခံယူ​ပြီး​သောအခါ ယေရှု​သည်“အမှု​ပြီး​ပြီ”​ဟု မိန့်​တော်မူ​လျက် ဦးခေါင်း​တော်​ငိုက်စိုက်​ကျ​ကာ အသက်​ကို​စွန့်​တော်မူ​၏။ ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။ ထို့ကြောင့် စစ်သား​တို့​သည်​လာ​၍ ယေရှု​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သူ ပထမ​တစ်ဦး​၏​ခြေ​နှင့် နောက်​တစ်ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။ သို့သော် ယေရှု​ထံသို့​ရောက်​၍ ကိုယ်တော်​သေဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့မြင်​သောအခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ စစ်သား​တစ်​ဦး​က နံဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထိုအခါ သွေး​နှင့်​ရေ​သည် ချက်ချင်း​ထွက်လာ​၏။ ဤ​အခြင်းအရာ​ကို​မြင်​သော​သူ​သည် သက်သေခံ​ခဲ့​၍ သူ​၏​သက်သေခံ​ချက်​သည်​မှန်ကန်​၏။ သင်​တို့​သည်​လည်း ယုံကြည်​ကြ​ရန် သူ​သည် မှန်ကန်​စွာ​ပြောဆို​နေ​ကြောင်း သူ​ကိုယ်တိုင်​သိ​၏။ ဤသို့​ဖြစ်ပျက်​ခဲ့​သည်​မှာ “သူ​၏​အရိုး​တစ်​ချောင်း​မျှ ချိုးဖဲ့​ခြင်း​မ​ခံရ”​ဟူသော​ကျမ်းချက်​ကို ပြည့်စုံ​စေရန်​ဖြစ်​၏။ တစ်ဖန် အခြား​သော​ကျမ်းချက်​၌ “သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​သော​သူ​ကို ရှုမြင်​ရ​ကြ​လိမ့်မည်”​ဟု ဆို​ထား​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။