YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:9-11

ရှင်ယောဟန် 17:9-11 Judson Bible (JBMLE)

သူ​တို့​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ လော​ကီ​သား​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​သည်​မ​ဟုတ်​ပါ၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​ဖြစ်​သော​ကြောင့်၊ ထို​သူ​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပါ၏။- အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​နှင့် စပ်​ဆိုင်​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း၊ အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်၍ ထို​အ​ရာ​တို့​အား​ဖြင့် အ​ကျွန်ုပ်​သည် ဘုန်း​ထင်​ရှား​ပါ၏။- ယ​ခု​မှ​စ၍​အ​ကျွန်ုပ်​သည် ဤ​လော​က၌​မ​ရှိ​ပါ၊ ဤ​သူ​တို့​မူ​ကား၊ ဤ​လော​က၌ ရှိ​ရစ်​ရ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ သွား​ရ​ပါ​မည်။ သန့်​ရှင်း​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော ဤ​သူ​တို့​သည် ဖြစ်​ရ​ပါ​မည်​အ​ကြောင်း၊ သူ​တို့​ကို ကိုယ်​တော်၏ နာ​မ၌​တည်​စေ​တော်​မူ​ပါ။

ရှင်ယောဟန် 17:9-11 Common Language Bible (BCL)

``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။- အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။- အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။

ရှင်ယောဟန် 17:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​အတွက် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် ဤ​လောက​အတွက်​မ​ဟုတ်​ဘဲ သူ​တို့​အတွက်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။ အကျွန်ုပ်​သည် ဤ​လောက​၌​ရှိ​တော့မည်​မ​ဟုတ်​ပါ။ သူ​တို့​မူကား ဤ​လောက​၌​ရှိ​ကြ​ပါ​မည်။ အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့​လာ​ပါ​၏။ သန့်ရှင်း​တော်မူ​သော​အဖ၊ သူ​တို့​သည် အကျွန်ုပ်​တို့​နည်းတူ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ရန် အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော ဤ​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​၌ စောင့်ရှောက်​တော်မူ​ပါ။