YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:6-10

ရှင်ယောဟန် 17:6-10 Judson Bible (JBMLE)

ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။- အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​တို့​သည် ကိုယ်​တော်​မှ​ဖြစ်​ကြောင်း​ကို သူ​တို့​သည် ယ​ခု​သိ​ကြ​ပါ၏။- အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။- သူ​တို့​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ လော​ကီ​သား​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​သည်​မ​ဟုတ်​ပါ၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​ဖြစ်​သော​ကြောင့်၊ ထို​သူ​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပါ၏။- အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​နှင့် စပ်​ဆိုင်​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း၊ အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်၍ ထို​အ​ရာ​တို့​အား​ဖြင့် အ​ကျွန်ုပ်​သည် ဘုန်း​ထင်​ရှား​ပါ၏။

ရှင်ယောဟန် 17:6-10 Common Language Bible (BCL)

``ဤ​လော​က​ထဲ​မှ​ရွေး​ချယ်​၍​အ​ကျွန်ုပ်​လက် သို့​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင့်​အ​ကြောင်း​ကို ကြား​သိ​စေ​ပါ​ပြီ။ ထို​သူ​တို့​ကို​ကိုယ်​တော် ပိုင်​သ​ဖြင့် အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​ပါ ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​လိုက်​နာ​ကြ​ပါ​ပြီ။- အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် အ​ထံ​တော်​မှ​ရ​ရှိ​ကြောင်း​ယ​ခု​သူ​တို့​သိ​ရှိ ကြ​ပါ​ပြီ။- အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။'' ``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။- အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။

ရှင်ယောဟန် 17:6-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​လောက​ထဲမှ ကိုယ်တော်​ရွေးကောက်​၍ အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော​သူ​တို့​အား ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ထင်ရှား​စေ​ပါ​ပြီ။ ထို​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို လိုက်နာ​စောင့်ထိန်း​ကြ​ပါ​ပြီ။ အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​အရာ​အားလုံး​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်​ကြောင်း ယခု သူ​တို့​သိ​ကြ​ပါ​ပြီ။ အကြောင်းမူကား အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​နှုတ်ကပတ်​တရား​တို့​ကို အကျွန်ုပ်​သည် သူ​တို့​အား ပေးအပ်​သဖြင့် သူ​တို့​သည် ခံယူ​ကြ​ကာ ကိုယ်တော်​ထံမှ အကျွန်ုပ်​ကြွလာ​ခဲ့​ကြောင်း​ကို အမှန်ပင်​သိရှိ​လျက် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း ယုံကြည်​ကြ​ပါ​ပြီ။ သူ​တို့​အတွက် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် ဤ​လောက​အတွက်​မ​ဟုတ်​ဘဲ သူ​တို့​အတွက်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။