YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:20-23

ရှင်ယောဟန် 17:20-23 Judson Bible (JBMLE)

ထို​သူ​တို့​အ​ဖို့​ကို​သာ အ​ကျွန်ုပ်​ဆု​တောင်း​သည် မ​ဟုတ်​ပါ၊ သူ​တို့ ဟော​ပြော​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​ကို ယုံ​ကြည်​သော​သူ​တို့​အ​ဖို့​ကို​လည်း ဆု​တောင်း​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။- ငါ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် သူ​တို့၌​ရှိ၍၊- ကိုယ်​တော်​သည်​လည်း၊ အ​ကျွန်ုပ်၌ ရှိ​တော်​မူ​သော​အား​ဖြင့် သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ တစ်​လုံး​တစ်​ဝ​တည်း၌ စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့ သူ​တို့​ကို​လည်း ချစ်​တော်​မူ​ကြောင်း​ကို လော​ကီ​သား​တို့​သည် သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား ပေး​ပါ​ပြီ။

ရှင်ယောဟန် 17:20-23 Common Language Bible (BCL)

``အ​ကျွန်ုပ်​သည်​ထို​သူ​တို့​အ​တွက်​သာ​လျှင် ဆု​တောင်း​သည်​မ​ဟုတ်​ပါ။ သူ​တို့​ဟော​ပြော ချက်​ကြောင့်​အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သူ​များ အ​တွက်​လည်း​ဆု​တောင်း​ပါ​၏။- ထို​သူ​အ​ပေါင်း​တို့​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​စေ​ရန်​ဆု​တောင်း​ပါ​၏။ အို အ​ဖ၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​တည်​ရှိ​တော်​မူ​၍​အ​ကျွန်ုပ်​သည် လည်း​ကိုယ်​တော်​၌​တည်​ရှိ​သ​ကဲ့​သို့ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​၌​တည်​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လော​က သား​တို့​ယုံ​ကြည်​ကြ​စေ​ရန် ထို​သူ​တို့​ကို​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော်​မူ​ပါ။- ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ကဲ့​သို့​ထို​သူ​တို့​သည်​လည်း​ဖြစ် ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​တော် မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို​သူ​တို့​အား ပေး​ပါ​ပြီ။- အ​ကျွန်ုပ်​သည်​သူ​တို့​၌​လည်း​ကောင်း၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​လည်း​ကောင်း​တည်​ရှိ​သ​ဖြင့် သူ တို့​သည်​လုံး​ဝ​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော အား​ဖြင့် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​စေ​လွှတ် တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​အား​ချစ်​တော်​မူ သ​ကဲ့​သို့ သူ​တို့​အား​လည်း​ချစ်​တော်​မူ​ကြောင်း ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သိ​ရှိ​ကြ​မည်​ဖြစ် ပါ​၏။''

ရှင်ယောဟန် 17:20-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​အတွက်​သာ​မ​က​ဘဲ သူ​တို့​ဟောပြော​သော​သတင်း​စကား​အားဖြင့် အကျွန်ုပ်​ကို​ယုံကြည်​လာ​သော​သူ​များ​အတွက်​လည်း အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။ အကျွန်ုပ်​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​သကဲ့သို့ သူ​တို့​သည်​လည်း တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​ဘုန်း​အသရေ​တော်​ကို သူ​တို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။ အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။