YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:15-18

ရှင်ယောဟန် 17:15-18 Judson Bible (JBMLE)

ဤ​သူ​တို့​ကို ဤ​လော​က​မှ နုတ်​ယူ​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​သည် မ​ဟုတ်​ပါ။ မ​ကောင်း​သော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​မည်​အ​ကြောင်း​ကို​သာ တောင်း​ပါ၏။- အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​ကြ​ပါ။- ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။

ရှင်ယောဟန် 17:15-18 Common Language Bible (BCL)

သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။- အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။- သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။

ရှင်ယောဟန် 17:15-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​ကို ဤ​လောက​ထဲမှ နုတ်ယူ​တော်မူ​ရန်​မ​ဟုတ်​ဘဲ မကောင်း​သော​အရာ​မှ ကာကွယ်​စောင့်ရှောက်​တော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။ သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။