ရှင်ယောဟန် 17:14-19
ရှင်ယောဟန် 17:14-19 Judson Bible (JBMLE)
ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။- ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။- အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။- ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။- ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။- သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။
ရှင်ယောဟန် 17:14-19 Common Language Bible (BCL)
ကိုယ်တော်၏နှုတ်ကပတ်တရားတော်ကိုသူ တို့အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်သည် လောကနှင့်မသက်ဆိုင်သကဲ့သို့သူတို့သည် လည်းမသက်ဆိုင်ကြပါ။ သို့ဖြစ်၍လောက သားတို့သည်သူတို့ကိုမုန်းကြပါ၏။- သူတို့အားဤလောကမှနုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည်မဟုတ်ပါ။ သူတို့ သည်မာရ်နတ်၏ဘေးမှကင်းလွတ်မည့်အကြောင်း စောင့်ထိန်းတော်မူရန်ကိုသာတောင်းလျှောက်ပါ၏။- အကျွန်ုပ်သည်ဤလောကနှင့်မသက်ဆိုင် သကဲ့သို့ ထိုသူတို့သည်လည်းမသက်ဆိုင် ကြပါ။- သူတို့အားသမ္မာတရားအားဖြင့်ကိုယ်တော် ၏အတွက်သီးသန့်ဆက်ကပ်ထားတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်သမ္မာတရား ဖြစ်ပါ၏။- ကိုယ်တော်သည်အကျွန်ုပ်ကိုဤလောကသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကိုဤလောကထဲသို့စေလွှတ်ပါ၏။- သူတို့သည်အမှုတော်ဆောင်ရန်အတွက်မိမိ တို့ကိုယ်ကိုအမှန်ဆက်ကပ်သူများဖြစ်လာ ကြစေရန် အကျွန်ုပ်သည်သူတို့၏အကျိုးကို ထောက်၍မိမိကိုယ်ကိုဆက်ကပ်ပါ၏။''
ရှင်ယောဟန် 17:14-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။ သူတို့ကို ဤလောကထဲမှ နုတ်ယူတော်မူရန်မဟုတ်ဘဲ မကောင်းသောအရာမှ ကာကွယ်စောင့်ရှောက်တော်မူရန် အကျွန်ုပ်တောင်းလျှောက်ပါ၏။ အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြပါ။ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည် သူတို့ကို ဤလောကထဲသို့ စေလွှတ်ပါ၏။ သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။