YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:14-16

ရှင်ယောဟန် 17:14-16 Judson Bible (JBMLE)

ကိုယ်​တော်၏​နှုတ်​က​ပတ်​တ​ရား​ကို ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပေး​ပါ​ပြီ။ အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် ဤ​သူ​တို့​ကို မုန်း​ကြ​ပါ၏။- ဤ​သူ​တို့​ကို ဤ​လော​က​မှ နုတ်​ယူ​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​သည် မ​ဟုတ်​ပါ။ မ​ကောင်း​သော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​မည်​အ​ကြောင်း​ကို​သာ တောင်း​ပါ၏။- အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​ကြ​ပါ။

ရှင်ယောဟန် 17:14-16 Common Language Bible (BCL)

ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။- သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။- အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။

ရှင်ယောဟန် 17:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။ သူ​တို့​ကို ဤ​လောက​ထဲမှ နုတ်ယူ​တော်မူ​ရန်​မ​ဟုတ်​ဘဲ မကောင်း​သော​အရာ​မှ ကာကွယ်​စောင့်ရှောက်​တော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။