YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:1-26

ရှင်ယောဟန် 17:1-26 Judson Bible (JBMLE)

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် ကောင်း​ကင်​သို့​ကြည့်​မျှော်၍၊ အို အ​ဘ၊ အ​ကျွန်ုပ်​အ​ချိန်​ရောက်​ပါ​ပြီ။- ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။- ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။- အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။- အို အ​ဘ၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ထံ​တော်၌ အ​ကျွန်ုပ်​ခံ​စား​သော ဘုန်း​အ​သ​ရေ​နှင့် ယ​ခု​တွင်​လည်း အ​ကျွန်ုပ်​ကို​အ​ထံ​တော်၌ ချီး​မြှောက်​တော်​မူ​ပါ။ ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။- အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​တို့​သည် ကိုယ်​တော်​မှ​ဖြစ်​ကြောင်း​ကို သူ​တို့​သည် ယ​ခု​သိ​ကြ​ပါ၏။- အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။- သူ​တို့​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ လော​ကီ​သား​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​သည်​မ​ဟုတ်​ပါ၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​ဖြစ်​သော​ကြောင့်၊ ထို​သူ​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပါ၏။- အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​နှင့် စပ်​ဆိုင်​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း၊ အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်၍ ထို​အ​ရာ​တို့​အား​ဖြင့် အ​ကျွန်ုပ်​သည် ဘုန်း​ထင်​ရှား​ပါ၏။- ယ​ခု​မှ​စ၍​အ​ကျွန်ုပ်​သည် ဤ​လော​က၌​မ​ရှိ​ပါ၊ ဤ​သူ​တို့​မူ​ကား၊ ဤ​လော​က၌ ရှိ​ရစ်​ရ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ သွား​ရ​ပါ​မည်။ သန့်​ရှင်း​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော ဤ​သူ​တို့​သည် ဖြစ်​ရ​ပါ​မည်​အ​ကြောင်း၊ သူ​တို့​ကို ကိုယ်​တော်၏ နာ​မ၌​တည်​စေ​တော်​မူ​ပါ။- အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။- ကိုယ်​တော်၏​နှုတ်​က​ပတ်​တ​ရား​ကို ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပေး​ပါ​ပြီ။ အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် ဤ​သူ​တို့​ကို မုန်း​ကြ​ပါ၏။- ဤ​သူ​တို့​ကို ဤ​လော​က​မှ နုတ်​ယူ​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​သည် မ​ဟုတ်​ပါ။ မ​ကောင်း​သော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​မည်​အ​ကြောင်း​ကို​သာ တောင်း​ပါ၏။- အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​ကြ​ပါ။- ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။- သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။ ထို​သူ​တို့​အ​ဖို့​ကို​သာ အ​ကျွန်ုပ်​ဆု​တောင်း​သည် မ​ဟုတ်​ပါ၊ သူ​တို့ ဟော​ပြော​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​ကို ယုံ​ကြည်​သော​သူ​တို့​အ​ဖို့​ကို​လည်း ဆု​တောင်း​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။- ငါ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် သူ​တို့၌​ရှိ၍၊- ကိုယ်​တော်​သည်​လည်း၊ အ​ကျွန်ုပ်၌ ရှိ​တော်​မူ​သော​အား​ဖြင့် သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ တစ်​လုံး​တစ်​ဝ​တည်း၌ စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့ သူ​တို့​ကို​လည်း ချစ်​တော်​မူ​ကြောင်း​ကို လော​ကီ​သား​တို့​သည် သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား ပေး​ပါ​ပြီ။- အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။- တ​ရား​တော်​မူ​သော​အ​ဘ၊ လော​ကီ​သား​တို့​သည် ကိုယ်​တော်​ကို​မ​သိ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​ကြ​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​တော်​မူ​သော​မေ​တ္တာ​သည် သူ​တို့၌​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့၌ ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်၏​နာ​မ​ကို အ​ကျွန်ုပ်​သည် သူ​တို့​အား ပြ​ညွှန်​ပါ​ပြီ​ဖြစ်၍ အ​စဉ်​ပြ​ညွှန်​ပါ​မည်​ဟု မိန့်​မြွက်​တော်​မူ၏။

ရှင်ယောဟန် 17:1-26 Common Language Bible (BCL)

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။- သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။- ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။- ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။- အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။'' ``ဤ​လော​က​ထဲ​မှ​ရွေး​ချယ်​၍​အ​ကျွန်ုပ်​လက် သို့​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင့်​အ​ကြောင်း​ကို ကြား​သိ​စေ​ပါ​ပြီ။ ထို​သူ​တို့​ကို​ကိုယ်​တော် ပိုင်​သ​ဖြင့် အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​ပါ ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​လိုက်​နာ​ကြ​ပါ​ပြီ။- အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် အ​ထံ​တော်​မှ​ရ​ရှိ​ကြောင်း​ယ​ခု​သူ​တို့​သိ​ရှိ ကြ​ပါ​ပြီ။- အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။'' ``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။- အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။- အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။- အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။- ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။- ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။- သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။- အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။- သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။- သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။'' ``အ​ကျွန်ုပ်​သည်​ထို​သူ​တို့​အ​တွက်​သာ​လျှင် ဆု​တောင်း​သည်​မ​ဟုတ်​ပါ။ သူ​တို့​ဟော​ပြော ချက်​ကြောင့်​အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သူ​များ အ​တွက်​လည်း​ဆု​တောင်း​ပါ​၏။- ထို​သူ​အ​ပေါင်း​တို့​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​စေ​ရန်​ဆု​တောင်း​ပါ​၏။ အို အ​ဖ၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​တည်​ရှိ​တော်​မူ​၍​အ​ကျွန်ုပ်​သည် လည်း​ကိုယ်​တော်​၌​တည်​ရှိ​သ​ကဲ့​သို့ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​၌​တည်​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လော​က သား​တို့​ယုံ​ကြည်​ကြ​စေ​ရန် ထို​သူ​တို့​ကို​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော်​မူ​ပါ။- ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ကဲ့​သို့​ထို​သူ​တို့​သည်​လည်း​ဖြစ် ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​တော် မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို​သူ​တို့​အား ပေး​ပါ​ပြီ။- အ​ကျွန်ုပ်​သည်​သူ​တို့​၌​လည်း​ကောင်း၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​လည်း​ကောင်း​တည်​ရှိ​သ​ဖြင့် သူ တို့​သည်​လုံး​ဝ​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော အား​ဖြင့် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​စေ​လွှတ် တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​အား​ချစ်​တော်​မူ သ​ကဲ့​သို့ သူ​တို့​အား​လည်း​ချစ်​တော်​မူ​ကြောင်း ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သိ​ရှိ​ကြ​မည်​ဖြစ် ပါ​၏။'' ``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။- တ​ရား​မျှ​တ​တော်​မူ​သော​အ​ဖ၊ လော​က​သား တို့​သည်​ကိုယ်​တော်​ကို​မ​သိ​ကြ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ​၏။ ဤ​သူ​တို့​သည်​အ​ကျွန်ုပ် အား​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​၏။- အ​ကျွန်ုပ်​အ​ပေါ်​၌​ကိုယ်​တော်​ရှင်​ထား​တော်​မူ သော​မေတ္တာ​တော်​သည်​သူ​တို့​၌​ကိန်း​အောင်း​၍ အ​ကျွန်ုပ်​သည်​လည်း​သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​နိုင်​စေ​ရန်​ကိုယ်​တော်​အ​ကြောင်း ကို​သူ​တို့​အား​အ​ကျွန်ုပ်​ကြား​သိ​စေ​ခဲ့​ပါ ပြီ။ ဆက်​လက်​၍​လည်း​ကြား​သိ​စေ​ပါ​ဦး​မည်'' ဟု​မြွက်​ဆို​တော်​မူ​၏။

ရှင်ယောဟန် 17:1-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​အရာ​များ​ကို​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​မျှော်ကြည့်​လျက်“အို အဖ၊ အချိန်​ရောက်​ပါ​ပြီ။ သား​တော်​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​နိုင်​ရန် သား​တော်​၏​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​ပါ။ အကြောင်းမှာ ကိုယ်တော်​သည် သား​တော်​အား လူသား​အားလုံး​ကို အုပ်စိုး​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ။ ဤသည်ကား သား​တော်​သည် ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​နိုင်​ရန်​အတွက်​ဖြစ်​ပါ​၏။ ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​ဆောင်ရွက်​ရန် ကိုယ်တော်​ပေးအပ်​တော်မူ​သော​အမှု​တော်​ကို အကျွန်ုပ်​သည် ပြီးမြောက်​စေ​၍ ကိုယ်တော်​၏​ဘုန်း​တော်​ကို မြေကြီး​ပေါ်၌​ထင်ရှား​စေ​ပါ​ပြီ။ အို အဖ၊ ဤ​ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကပင် ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ခံစား​ရ​သော​ဘုန်း​အသရေ​တော်​အားဖြင့် ယခု​ပင် အကျွန်ုပ်​ကို အထံတော်ပါး​၌ ဘုန်း​ထင်ရှား​စေ​တော်မူ​ပါ။ ဤ​လောက​ထဲမှ ကိုယ်တော်​ရွေးကောက်​၍ အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော​သူ​တို့​အား ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ထင်ရှား​စေ​ပါ​ပြီ။ ထို​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို လိုက်နာ​စောင့်ထိန်း​ကြ​ပါ​ပြီ။ အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​အရာ​အားလုံး​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်​ကြောင်း ယခု သူ​တို့​သိ​ကြ​ပါ​ပြီ။ အကြောင်းမူကား အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​နှုတ်ကပတ်​တရား​တို့​ကို အကျွန်ုပ်​သည် သူ​တို့​အား ပေးအပ်​သဖြင့် သူ​တို့​သည် ခံယူ​ကြ​ကာ ကိုယ်တော်​ထံမှ အကျွန်ုပ်​ကြွလာ​ခဲ့​ကြောင်း​ကို အမှန်ပင်​သိရှိ​လျက် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း ယုံကြည်​ကြ​ပါ​ပြီ။ သူ​တို့​အတွက် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် ဤ​လောက​အတွက်​မ​ဟုတ်​ဘဲ သူ​တို့​အတွက်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။ အကျွန်ုပ်​သည် ဤ​လောက​၌​ရှိ​တော့မည်​မ​ဟုတ်​ပါ။ သူ​တို့​မူကား ဤ​လောက​၌​ရှိ​ကြ​ပါ​မည်။ အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့​လာ​ပါ​၏။ သန့်ရှင်း​တော်မူ​သော​အဖ၊ သူ​တို့​သည် အကျွန်ုပ်​တို့​နည်းတူ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ရန် အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော ဤ​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​၌ စောင့်ရှောက်​တော်မူ​ပါ။ အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။ ယခု ကိုယ်တော်​ထံသို့ အကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်​ခြင်း​ကို မိမိ​တို့​၌ အပြည့်အဝ​ခံစား​ရ​မည့်​အကြောင်း ဤ​လောက​၌​နေ​စဉ် ဤ​အရာ​များ​ကို အကျွန်ုပ်​ပြော​ပါ​၏။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။ သူ​တို့​ကို ဤ​လောက​ထဲမှ နုတ်ယူ​တော်မူ​ရန်​မ​ဟုတ်​ဘဲ မကောင်း​သော​အရာ​မှ ကာကွယ်​စောင့်ရှောက်​တော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။ သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။ သူ​တို့​သည်​လည်း သမ္မာတရား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​မည့်​အကြောင်း အကျွန်ုပ်​သည် သူ​တို့​အတွက် မိမိကိုယ်ကို​သန့်ရှင်း​စေ​ပါ​၏။ သူ​တို့​အတွက်​သာ​မ​က​ဘဲ သူ​တို့​ဟောပြော​သော​သတင်း​စကား​အားဖြင့် အကျွန်ုပ်​ကို​ယုံကြည်​လာ​သော​သူ​များ​အတွက်​လည်း အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။ အကျွန်ုပ်​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​သကဲ့သို့ သူ​တို့​သည်​လည်း တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​ဘုန်း​အသရေ​တော်​ကို သူ​တို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။ အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။ အို အဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်​တော်မူ​၍ အကျွန်ုပ်​အား​ပေး​တော်မူ​သော​အကျွန်ုပ်​၏​ဘုန်း​အသရေ​ကို အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ရှုမြင်​ရ​ကြ​ရန် သူ​တို့​ကို အကျွန်ုပ်​ရှိ​ရာ​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိ​စေ​လို​ပါ​၏။ ဖြောင့်မတ်​တော်မူ​သော​အဖ၊ ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​ပါ​၏။ ဤ​သူ​တို့​သည်​လည်း အကျွန်ုပ်​ကို ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း​သိ​ကြ​ပါ​ပြီ။ အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်ဆို​တော်မူ​၏။